"ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း" အား (၁၉-၃-၂၀၂၄) ရက်နေ့မှ (၂၀-၃-၂၀၂၄) ရက်နေ့အထိ Online ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ(၂)ရက်သင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဉီးစီးဌာန၊ နည်းပညာ ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာန ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ အဏုမြူ စွမ်းအင်ဉီးစီးဌာန ၊ ဇီဝနည်းပညာသုတေသနဉီးစီးဌာန ၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဉီးစီးဌာန ၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဉီးစီးဌာနတို့မှ ဓာတ်ခွဲခန်းနှင့် သုတေသနစင်တာနယ်ပယ် တို့တွင်လုပ်ကိုင်လျက်ရှိသော သင်တန်းသားစုစုပေါင်း (၁၁၀)ကျော် တက်ရောက်ခဲ့ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားစဉ်
ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်းသို့ ဦးစီးဌာနအသီးသီးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့စဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်