သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ Lancang-Mekong Cooperation Special Fund Projects -2022 ဖြင့် “Establishment of Myanmar National-level Solar PV Application Promotion and Training Center to Accelerate the Capacity Building of Deployment of Solar Energy in Myanmar” စီမံကိန်းအရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် “မြန်မာနိုင်ငံ Solar PV အသုံးချမှုအခြေအနေအား စစ်တမ်း ကောက်ယူခဲ့မှုနှင့် Sand Table Design များအတွက် နည်းပညာပိုင်း ဆိုင်ရာဆွေးနွေးပွဲ” အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဆက်စပ်ဌာနများ၊ နည်းပညာ တက္ကသိုလ်များ၊ ဆိုလာ PV ကုမ္ပဏီများ၊ DRI မှ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ စုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ နည်းပညာပိုင်းဆိုင်ရာကဏ္ဍများအတွက် သက်ဆိုင်ရာ ပညာရှင်များများမှ Power Point Presentation များဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တက်ရောက်လာသူများ မှ အပြန်အလှန်ဆွေးနွေးကြပြီး၊ Survey form တွင် အကြံပြုချက်များနှင့် Data အချက်အလက်များ ဖြည့်သွင်းပြီး အခမ်းအနားကို ညနေ (၃း၀၀)နာရီ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားနေပုံ
ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ရှင်းလင်းပြောကြားနေပုံ
ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ရှင်းလင်းပြောကြားနေပုံ
ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်မှ ရှင်းလင်းပြောကြားနေပုံ
ဆွေးနွေးပွဲအခမ်းအနားကျင်းပနေပုံ
National Consultant မှ ရှင်းလင်းပြောကြားနေပုံ
Sandi Solar Company မှရှင်းလင်းပြောကြားနေပုံ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်