logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

“အမှတ်စဉ်(၂၃) RE သင်တန်း ၏ Certificate ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနား”ကျင်းပ

3 years ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနတွင် အမှတ်စဉ်(၂၃) ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့ သင်တန်းများ ဖြစ်သော (က) နေရောင်ခြည်စွမ်းအင်နည်းပညာ လက်တွေ့အသုံးချသင်တန်းနှင့် (ခ) စပါးခွံလောင်စာသုံး ဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း တို့ကို (Hybrid Mode) ဖြင့် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး Certificate ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို (၅-၇-၂၀၂၃)ရက်နေ့ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့ရာ ဒုတိယညွှန်ကြ...

“မဲခေါင်နိုင်ငံအချင်းချင်းနည်းပညာဖလှယ်ခြင်းသင်တန်းအခမ်းအနားပြီးမြောက် ခြင်း နှင့်နည်းပညာလွှဲပြောင်းပေးအပ်ခြင်း”အခမ်းအနားကျင်းပ

3 years ago
Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာ နည်းပညာများဖလှယ်ခြင်း သင်တန်းဆင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီတွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းဆင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာ ဝန်ကြီး ဉီးဇော်ဝင်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သယံဇာတရေးရာ ဝန်ကြီးမှ မဲခေါင်နိုင်ငံ အချင်းချင်းနည်းပညာ ဖလှယ်ခြင်း သင်တန်းသည် ဆန်...

“Exchange program to promote the value and production capacity on theagricultural food products with the use of innovation technology among Lancang Mekong countries” စီမံကိန်း၏ မဲခေါင်နိုင်ငံအချင်းချင်း နည်းပညာဖလှယ်ခြင်း "အစီအစဉ်

3 years ago
Mekong – Lancang Cooperation Special Fund (2020) ဖြင့် “မဲခေါင်နိုင်ငံ အချင်းချင်း အစားအစာထုတ်လုပ်မှုဆိုင်ရာနည်းပညာများဖလှယ်ခြင်း” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့ နံနက် (၉) နာရီတွင် ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန(DRI)၊ အစည်းအဝေးခန်းမ၊ ရန်ကုန်မြို့၌ Hybrid Mode ဖြင့် ကျင်းပပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ အဖွင့်အမှာစကား ပ...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အမှတ်စဉ်(၂၃) ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို (Hybrid Mode)ဖြင့် ဖွင့်လှစ်ရန် သင်တန်းသားများခေါ်ယူခြင်း

3 years ago
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် (၁၅-၆-၂၀၂၃) ရက်နေ့မှ (၂၈-၆-၂၀၂၃) ရက်နေ့အထိ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများကို(Hybrid Mode)ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။ ပြန်ပြည့်မြဲစွမ်းအင်နည်းပညာလက်တွေ့သင်တန်းများ (က) နေရောင်ခြည်စွမ်းအင်နည်းပညာလက်တွေ့အသုံးချသင်တန်း (ခ) စပါးခွံလောင်စာသုံးဓါတ်ငွေ့ထုတ်စက်နှင့် ဇီဝဓါတ်ငွေ့ကန်တည်ဆောက်ခြင်း အသုံးချသင်တန်း ၂။ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မ...

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ပါဝင်ဆောင်ရွက်ခဲ့မှုများ

3 years ago
ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်နေ့ မှ (၂၀)ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗန်းရှင်းစင်တာ-၂(MICC-II)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန မှ Session Chair အဖြစ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း မှဆောင်ရွက်ခဲ့ပြီး MSMEs အထောက်အကူပြု သုတေသနနှင့်တီထွင်ဆန်းသစ်မှု မြင့်မားရေးခေါင်းစဉ်အောက်တွင် စာတမ်း(၁)စောင်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် မှ တင်သွင်းဖတ်က...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာန “အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား”ကျင်းပ

3 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာန၊ဝန်ထမ်းမိသားစုများ၏မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို၂၀၂၃ခုနှစ်၊ဧပြီလ(၁၇)ရက်နေ့ညနေ(၄)နာရီတွင်သုတေသနနှင့်တီထွင်ဆန်သစ်မှုဉီးစီးဌာနတွင်ကျင်းပခဲ့ရာအန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှုးချုပ်၊ဒုတိယညွှန်ကြားရေးမှုးချုပ်၊အရာထမ်း၊အမှုထမ်းများနှင့်ဝန်ထမ်းမိသားစု များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင်ကြွရောက်တော်မူလာကြသည့်ဆရာတော်သံဃာတော်များကသုတေသနနှင့်တီထွင်ဆန်သ...

စားသုံးဆီများအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်း အချင်းချင်း တိုင်းတာရလာဒ်အဖြေများ နှိုင်းယှဉ်ခြင်း အစီအစဉ် (Interlaboratory Comparison for Quality of Vegetable Oils)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

3 years ago
စားသုံးဆီများအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဓာတ်ခွဲခန်းအချင်းချင်း တိုင်းတာ ရလာဒ် အဖြေများ နှိုင်းယှဉ်ခြင်း အစီအစဉ် (Interlaboratory Comparison for Quality of Vegetable Oils)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၃ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ အစည်းအဝေးခန်းမ၊ သု​တေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတွင် ကျင်းပခဲ့ပါသည်။ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတို့ ပူ...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

3 years ago
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအတွက်၂၀၂၃-၂၀၂၄ ခု၊ဘဏ္ဍာရေးနှစ်အတွင်းငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဝယ်ယူမည့်လုပ်ငန်းသုံးစက်ပစ္စည်း(၂၀)မျိုး၊ရုံးသုံးစက်ပစ္စည်း(၄)မျိုး၊ပရိဘောဂပစ္စည်း(၁၃) မျိုးနှင့် Technical Books(4) Titles အား မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါ၍အိတ်ဖွင့်တင်ဒါပေးသွင်းနိုင်ကြောင်း ဖိတ်ခေါ်ပါသည်- (က)တင်ဒါလျှောက်လွှာပုံစံများစတင်ရောင်းချမည့်ရက်- ၅.၄.၂၀၂၃ (ခ)တင်ဒါလျှောက်လွှာပုံစံများနောက်ဆုံးတင်သွင်းရမည့်ရက်- ၂၇.၄.၂၀၂၃(၁၆း၀၀) နာရီ&nb...

“၂၀၂၃-၂၀၂၄ ခုနှစ်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် မြန်မာနှစ်ဦးအကြိုဝန်ထမ်းမိသားစု တွေ့ဆုံပွဲ” ကျင်းပ

3 years ago
၂၀၂၃-၂၀၂၄ခုနှစ်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် မြန်မာနှစ်ဦးအကြို ဝန်ထမ်းမိသားစု တွေ့ဆုံပွဲအား ၂၀၂၃ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ ၊နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်)ရှိ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ညွှန်ကြားရေးမှူးများ ဌာနတာဝန်ခံများနှင့် အရာထမ်းများတက်ရောက်ခဲ့ ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လုပ်ငန်းညှိနှိုင်း ဆွေး...

“မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံ"ဆွေးနွေးပွဲကျင်းပ

3 years ago
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(စီမံကိန်း ၂၀၂၂) ဖြင့်ဆောင်ရွက်သည့် မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက နိုင်ငံတော်ရှိကြွယ်ဝပြီးဖြစ်သည့်သဘာဝအရင်းအမြစ်များမှတစ်ဆင့်ဒေသထွက်ကုန်များအကျိုးရှိစွာထုတ်လုပ်ကာသွင်းကုန်အစားထိုး၍ပို့ကုန်များစဉ်ဆက်မပြတ်မြှင့်တ...