logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

“၂၀၂၃-၂၀၂၄ ခုနှစ်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် မြန်မာနှစ်ဦးအကြိုဝန်ထမ်းမိသားစု တွေ့ဆုံပွဲ” ကျင်းပ

3 years ago
၂၀၂၃-၂၀၂၄ခုနှစ်အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် မြန်မာနှစ်ဦးအကြို ဝန်ထမ်းမိသားစု တွေ့ဆုံပွဲအား ၂၀၂၃ခုနှစ်၊ ဧပြီလ(၄)ရက်နေ့ ၊နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်)ရှိ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ညွှန်ကြားရေးမှူးများ ဌာနတာဝန်ခံများနှင့် အရာထမ်းများတက်ရောက်ခဲ့ ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လုပ်ငန်းညှိနှိုင်း ဆွေးá...

“မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံ"ဆွေးနွေးပွဲကျင်းပ

3 years ago
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(စီမံကိန်း ၂၀၂၂) ဖြင့်ဆောင်ရွက်သည့် မြန်မာ့သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံရေးဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့တွင် နေပြည်တော်ရှိသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက နိုင်ငံတော်ရှိကြွယ်ဝပြီးဖြစ်သည့်သဘာဝအရင်းအမြစ်များမှတစ်ဆင့်ဒေသထွက်ကုန်များအကျိုးရှိစွာထုတ်လုပ်ကာသွင်းကုန်အစားထိုး၍ပို့ကုန်များစဉ်ဆက်မပြတ်မြှင့်တá...

“ စားသောက်ကုန်ပစ္စည်း ဓာတ်ခွဲခန်း မွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူများ နှင့် ညှိနှိုင်းဆွေးနွေးပွဲ” ကျင်းပ

3 years ago
စားသောက်ကုန်ပစ္စည်းဓာတ်ခွဲခန်းမွမ်းမံခြင်းကျွမ်းကျင်သူများ၊ ဓာတ်ခွဲခန်းပစ္စည်းကျွမ်းကျင်သူများနှင့်ညှိနှိုင်းဆွေးနွေးပွဲအား ၂၀၂၃ခုနှစ်မတ်လ ၂၀ ရက်နေ့တွင်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(ရန်ကုန်)ရှိ စုဝေးခန်းမတွင်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်‌များ၊ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ စားသောက်ကုန်လုပ်ငန်းအထောက်အကူပြုဓာတ်ခွဲခန်း ၊(UMFCCI)မှ ဦးစိန်သောင်းဦး(ဥက္ကဌ)၊အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာခင်ချစ်( á...

ဦးစီးဌာနမှဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခြင်းအစည်းအဝေး

3 years ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခြင်း အစည်းအဝေးအား၂၀၂၃ခုနှစ်၊မတ်လ (၁၂)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်) စုဝေးခန်းမတွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက တက်ရောက်လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဦးစီးဌာနမှ‌ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြည်ပြ...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၂) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ

3 years ago
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၂) Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နေပြည်တော်၊ မင်္ဂလာသီရိ ဟိုတယ်၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း သုံးခုကို အကောင်အထည်ဖော်ဆောင်ရွက် ခွင...

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်ကို ကမ္ဘာတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများလျှောက်ထားနိုင်ခြင်း

3 years ago
ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(World Intellectual Property Organization-WIPO)က ချီးမြှင့်မည့် ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်အတွက် လျှောက်ထားမှုများအားလက်ခံသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြားထားပါသည်။ ၂၀၂၃ ခုနှစ်အတွက် ဆုတံဆိပ်ရွေးချယ်ရန် ယှဉ်ပြိုင်မှုများအား(၁၆-၁-၂၀၂၃)ရက်နေ့မှ (၃၁-၃-၂၀၂၃)ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာ၊ စိုက်ပျိုးရေး၊တီထွင်ဖန်တီးထား သော စက်မှုလုပ်ငန်းများစသည့် စီးပွားရေးကဏ္ဍအားလုံးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝှမ်းရှိ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs)လျှောက်ထားနိုင်မညá...

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့်Gender Action Plan (GAP) နှင့် ASEAN Consultative Committee For Standards and Quality (ACCSQ)အစည်းအဝေးသို့တက်ရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ် အဖွဲ့၏အတွေ့အကြုံများပြန်လည်မျှဝေခြင်း အခမ်းအနားကျင်းပ

3 years ago
ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် Gender Action Plan (GAP) နှင့် ASEAN Consultative Committee For Standards and Quality (ACCSQ) အစည်းအဝေးသို့တက်ရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့၏အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း အခမ်းအနားအား ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ မွန်းလွဲ(၁း၀၀ မှ ၃း၀၀) နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ PA system ခန်းတွင် ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်‌ဒေါက်တာထွန်းထွန်းမိုးနှင့် အမျိုးသားစံချန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင...

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း

3 years ago
၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါပါဝင်သည့်အဖွဲ့သည် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ နိုင်ငံတကာကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက် ထားမှုများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာ ပံ့ပိုးပေးမှု များနှင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်လိုသည်များကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးá...

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင်အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာတွဲဖက်အရာရှိအဖြစ်တာဝန်ထမ်းဆောင် ခဲ့သည့်အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

3 years ago
အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ တွဲဖက်အရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ အမျိူးသားဓါတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာမြတ်စိုးအောင်မှ သုံးနှစ်တာတာဝန်ထမ်းဆောင်ခဲ့သည့်အတွေ့အကြုံများနှင့် သတင်းအချက် အလက်များပြန်လည်မျှဝေခြင်းအခမ်းအနားအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊နံနက်(၁၀း၀၀ မှ ၁၁း၀၀) နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌá...

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် 3rd ASEAN - India Grassroots Innovation Forum သို့တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း အခမ်းအနားကျင်းပ

3 years ago
ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် 3rd ASEAN-India Grassroots Innovation Forum သို့တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း အခမ်းအနားအား ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်(၁၀း၀၀ မှ ၁၁း၃၀) နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင်Hybrid Modeဖြင့်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီးများ၊နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေး ဦ...