logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အခြေခံအဂလိပ်စာသင်တန်းနှင့် ရေအရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း သင်တန်းဆင်းပွဲအခမ်းအနား

9 months ago
အခြေခံအဂလိပ်စာသင်တန်းကို (၄-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက်နေ့အထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ တပါတ်လျှင် (၃)ရက်ကျင်းပပြုလုပ်ခဲ့ပြီး“ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေး ခြင်းသင်တန်း”ကို (၁၄-၃-၂၀၂၃)ရက်နေ့မှ (၂၈-၃-၂၀၂၃)ရက်နေ့အထိ တပါတ်လျှင် (၂)ရက် (ကြာသပတေးနေ့နှင့်သောကြာနေ့)၊ စုစုပေါင်း (၅) ရက်၊ သင်ကြားချိန် နာရီ (၂၀) ဖြင့် အမျိုးသားဓာတ်ခွဲခန်း၊ ဒြပ်စင်ဓာတ်ခွဲဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်အေးတူးနှင့် စက်မှုကျွမ်းကျင် (၁) ဒေါ်ခင်ဌေးတို့က စာတွေ့၊ လက်တွေ့လုပ်ငန်းများဖြင့် လေ့ကျင့်သင်ကြားခဲ့ရာ သင်တန်းသားအဖြစ်ဝန်ထမ်း (၁၈...

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ MSME စားသောက်ကုန်တန်ဖိုးမြှင့် ထုတ်လုပ်မှု လုပ်ငန်းများ စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာလွှဲအပ်ခြင်းနှင့် သင်တန်းဖွင့် လှစ်သင်ကြားခြင်း

9 months ago
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ MSME စားသောက်ကုန်တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်းများ စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာ စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောအရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာလွှဲအပ်ခြင်း နှင့် သင်တန်းဖွင့်လှစ်သင်ကြားခြင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချ...

ISO/IEC 17025:2017 Awareness Training

9 months ago
“ISO/IEC 17025 Awareness Training” was held on 19 & 20 March 2024 via video conference and Dr. PhyuPhyu Win, Director-General of the Department of Research and Innovation delivered an opening speech. A total of over 110 trainees who work in the field of laboratory and research center from Department of Advanced Science and Technology, Department of Technical and Vocational Education and Training, Department of Research and Innovation, Department of Atomic Energy, Department of Biotechnology Research and Department of Technology Promotion and Coordination, and Department of Monitoring and Evaluation under Ministry of Science and Technology attended the two-day training course. Giving an opening speech by Dr. Phyu Phyu Win,Director General,Department of Research and Innovation Group Photo of ISO/IEC 17025:2017 Awareness Training ...

ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာအသိပညာပေးသင်တန်း

9 months ago
"ISO/IEC 17025:2017 ဓာတ်ခွဲခန်းဆိုင်ရာ အသိပညာပေးသင်တန်း" အား (၁၉-၃-၂၀၂၄) ရက်နေ့မှ (၂၀-၃-၂၀၂၄) ရက်နေ့အထိ Online ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ(၂)ရက်သင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများဖြစ်သော အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဉီးစီးဌာန၊ နည်းပညာ ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဉီးစီးဌာန ၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ၊ အဏုမြူ စွမ်းအင်ဉီးစီးဌာန ၊ ဇီဝနည်းပညာသုတေသနဉီးစီးဌာန ၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါ...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံမှလမ်းညွှန်မှုခံယူတွေ.ဆုံပွဲ

9 months ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် (၁၉-၃-၂၀၂၄)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒုတိယဝန်ကြီးက နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ဖော်ဆောင် တည်ဆောက်ရာတွင် လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများကို ပိုမို ဆောင်ရွက်ရန်နှင့် MSMEs လုပ်ငန်းရှင်များ၏ လက်ဝယ်အရောက် နည်းပညာလွှဲပြောင်းမှုများကို တိုးမြှင့် လုပ်ဆောင်ရန် လမ်းညွှန်တိုက်တွန်းမှာကြားပါသည်။ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ ဌာ...

ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းသင်တန်း

9 months ago
သုတေသနနင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ အရာထမ်း/အမှုထမ်း သုတေသီများနှင့်ဓာတ်ခွဲဝန်ထမ်း(၁၆)ဦးအား ဓာတ်ခွဲနည်းပညာများ သိရှိလေ့လာဆည်းပူးနိုင်ရန် နှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ဌာနတွင်း ရေအရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းသင်တန်းကို ၁၄-၃-၂၀၂၄ မှ စ၍ (၄)ရက်တာ သင်တန်းဖွင့်လှစ်ခဲ့ပါသည်။ ဒေါက်တာခင်အေးတူး (ဒုတိယညွှန်ကြားရေးမှူး) မှ ရှင်းလင်းသင်ကြားခြင်း ဒေါက်တာခင်အေးတူး (ဒုတိယညွှန်ကြားရေးမှူး) မှ ရှင်းလင်းသင်ကြားခြင်း...

Training on Basic Communication English Course

9 months ago
သုတေသနနင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊အမျိုးသားဓာတ်ခွဲခန်းရှိ ဝန်ထမ်း(၁၃)ဦးအား လုပ်ငန်းခွင်အထောက်အကူ ဖြစ်စေရန်နှင့် အင်္ဂလိပ်စာကျွမ်းကျင်မှုမြင့်တက်လာစေရန်ရည်ရွယ်၍ ဌာနတွင်းအခြေခံအင်္ဂလိပ်စာ သင်တန်းကို ၄-၃-၂၀၂၄ မှ ၂၉-၃-၂၀၂၄ ထိ တစ်ပါတ်လျှင်(၃)ရက် သင်တန်းဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ ] ဒေါက်တာမြတ်စိုးအောင် (ညွှန်ကြားရေးမှူး) မှ ရှင်းလင်းသင်ကြားခြင်း ဒေါက်တာသစ်သစ်အောင် (ဒုတိယညွှန်ကြားရေးမှူး) မှ ရှင်းလင်းသင်ကြားခြင်း...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန သို့ ကြိမ်နှင့်ဝါးအခန်းကဏ္အ ဘက်စုံစုံဖွံဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအကြိုလေ့လာရေးခရီး

10 months ago
၂၀၂၄ခုနှစ် ၊ မတ်လ(၇) ရက်နေ့တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖေချစ်ခေါင်းဆောင်၍ သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများ အဖွဲ့ဝင်(၁၁)ဦး ၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း(ရန်ကုန်)မှ အဖွဲ့ဝင် (၁၀) ဦး၊ ကြိမ်/ဝါး လက်မှုလုပ်ငန်းနှင့် ပုဂ္ဂလိကဝါး/သစ်မာစိုက်ခင်းလုပ်ငန်းရှင် (ဧရာဝတီ တိုင်းဒေသကြီး)မှ အဖွဲ့ဝင်(၈)ဦး၊ ကြိမ်/ဝါး လက်မှုလုပ်ငန်း(ပဲခူးတိုင်းဒေသကြီး)မှ အဖွဲ့ဝင်(၇)ဦး၊ အခြားဆက...

“Celebrating the signing of the Memorandum of Incorporation-MOI between the Information and Communications Technology Research Center (ICTRC) and the Myanmar Computer Federation (MCF) for accelerating the development of ICT professionals”

10 months ago
The Memorandum of Incorporation- MoI signing ceremony between ICT Research Center (ICTRC) and Myanmar Computer Federation (MCF) was held at the ICT Research Center Yangon on 29.2.2024 at 12 o'clock. According to the program, the opening remarks were made by Dr.Phyu Phyu Win, Director-General of the Department of Research and Innovation. Next, Deputy Director General of ICT Research Center (ICTRC), Dr. Tin Tin Thein and Vice President of Myanmar Computer Federation (MCF), U Nyein Oo, have signed this MoI to accelerate the development of ICT professionals. Finally, the signing ceremony ended at 1:00 p.m. Address by Dr.Phyu Phyu Win, Director-General of the Department of Research and Innovation Signing the Memorandum of Incorporation-MOI by the Information and Communications Technology Research Center(ICTRC) and the Myanmar Computer Federation (MCF) (Memorandum of Incorporation-MOI) Photograph of the signing ceremony...

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုတေသနဌာန(ICTRC)နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့အကြား ICT အတတ်ပညာရှင်များ မွေးထုတ်ရန် အရှိန်အဟုန်မြှင့်တင်ခြင်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Incorporation-MOI) လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

10 months ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန(ICTRC)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)တို့အကြား ICT အတတ်ပညာရှင်များမွေးထုတ်ရန် အရှိန်အဟုန်မြှင့် တင်ခြင်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Incorporation-MOI) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ နေ့လည် (၁၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ သုတေသနနှင့်တီထွင်ဆန်းသ...