logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

 

ဌာန၏နောက်ခံသမိုင်းကြောင်း

          သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနဟူ၍ နောင်တွင်ခေါ်တွင်မည်ဖြစ်သော မြန်မာနိုင်ငံတော်စက်မှုလက်မှုသုတေသနအဖွဲ့ကို  ၁၉၄၇ ခုနှစ်၊  စက်တင်ဘာလ(၂၂) ရက်နေ့တွင်  တည်ထောင်ခဲ့ပါသည်။ နည်းပညာပြန်ကြားရေးဌာနကို ၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ စတင်တည်ထောင်စဉ်က ရန်ကုန်မြို့၊ ကုန်သည်လမ်း အမှတ် ၅၂၁၊ (၃၈လမ်းနှင့်ကုန်သည်လမ်းထောင့်)စာပေဗိမာန်နှင့် ကိုက်အနည်းငယ်အကွာတွင်တည်ရှိခဲ့သည်။

          အမှတ်(၁) ကံဘဲ့လမ်း (ယခု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန) တည်ရှိရာနေရာသို့  နည်းပညာပြန်ကြားရေးဌာနအား  အမှတ် ၅၂၁၊ ကုန်သည်လမ်းမှ ပြောင်းရွှေ့လာစေရာ ၁၉၅၅ခုနှစ်၊ ဇွန်လ ၂၈ရက်နေ့တွင် စက်မှုလက်မှုဝန်ကြီးက ယင်းဌာနကို အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်လှစ်စဉ်ကာလက စာအုပ် (၃၀၀၀)သာရှိပါသည်။

        ထို့နောက်  အမှတ်(၁) ကံဘဲ့လမ်းမှ အမှတ်(၆)  ကမ္ဘာအေးဘုရားလမ်းသို့  ၁၉၆၄ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပါသည်။ နည်းပညာပြန်ကြားရေးဌာနသည်  စုစုပေါင်းစတုရန်းပေ ( ၁၀၂၉၆ ) ကျယ်ဝန်းကာ အမှတ် ၆၊ ကမ္ဘာအေးဘုရားလမ်းရှိ မျက်နှာစာအဆောင်၏  မြေညီထပ် အဆောင် (အေ) နှင့် (ဘီ) တွင် တည်ရှိပါသည်။

          နည်းပညာပြန်ကြားရေးဌာန၏  ပထမဆုံး စာကြည့်တိုက်မှူးမှာ  ဦးဇင်မောင် ဖြစ်ပါသည်။  ဦးဇင်မောင်သည် နည်းပညာပြန်ကြားရေးဌာနကို တည်ထောင်ခဲ့သူဖြစ်ပါသည်။

           ဦးဇင်မောင်အား အမေရိကန်နိုင်ငံ၊ ချီကာဂိုတက္ကသိုလ်သို့ပို့လွှတ်၍ စာကြည့်တိုက်ပညာကိုသင်ယူစေရာ စာကြည့်တိုက်ပညာမဟာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ ယခုအခါ နည်းပညာပြန်ကြားရေးဌာနတွင် သိပ္ပံစာအုပ်၊  စာစောင်နှင့်အစီရင်ခံစာ စုစုပေါင်း ( ၂၈၀၆၅ )အုပ်၊  မဂ္ဂဇင်းအမျိုးပေါင်း (၁၃၆၈)မျိုး စောင်ရေ (၈၅၅၂၄)စောင် စုဆောင်းထားရှိပါသည်။

 

နည်းပညာပြန်ကြားရေးဌာနတွင် ဌာနခွဲ (၅) ခုရှိပါသည်။

 

   (၁) စာကြည့်တိုက်စီမံခန့်ခွဲရေးနှင့်စာပြုဌာနစိတ်

   (၂) ရည်ညွှန်း၊ စာငှါးနှင့်ပြန်ကြားရေးဌာနစိတ်

   (၃) စာနယ်ဇင်းဌာနစိတ်

   (၄) အီလက်ထရောနစ်စာကြည့်တိုက်

   (၅) နျူကလိယအကြောင်းအချက်ဝန်ဆောင်မှုဌာနစိတ်

 

မျှော်မှန်းချက်

          စာပေလေ့လာသူများအား ပိုမိုခေတ်မှီသောစာအုပ်၊ဂျာနယ်၊CD-ROM   စသော စာပေပစ္စည်းများကို စု‌ဆောင်းထားရှိကာ သတင်းအချက်အလက်နည်းပညာ (Information Technology)နှင့် စာကြည့်တိုက်ပညာ (Library Science)တို့ ပူးပေါင်းအသုံးချကာ ပိုမိုထိရောက်လျင်မြန်စွာ ပြန်ကြားပေးနိုင်ရန်ဖြစ်ပါသည်။

 

ရည်မှန်းချက်

          နည်းပညာပြန်ကြားရေးဌာန (စာကြည့်တိုက်) သည် သိပ္ပံနှင့်နည်းပညာဗဟုသုတများ လေ့လာမှတ်သားနိုင်ရန်နှင့်  သတင်းအချက်အလက်များရယူနိုင်ရေးအတွက်   ဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။

 

ဌာန၏ ဆောင်ရွက်‌ပေးနိုင်မည့် ဝန်ဆောင်မှုများ/ လုပ်ငန်းများ

          နည်းပညာပြန်ကြားရေးဌာနသည် အထောက်အကူပြုဌာနတခုဖြစ်ပါသည်။ နည်းပညာပြန်ကြားရေးဌာနသည် သတင်းအချက်အလက်နည်းပညာလိုအပ်သည်များကို တက္ကသိုလ်၊ ကောလိပ်များ၊  ဘွဲ့လွန်ကျောင်းသား  ကျောင်းသူများ၊  မဟာတန်း၊ ပါရဂူတန်းမှ  ကျောင်းသား/ကျောင်းသူများ၊  လုပ်ငန်းစုများအားလုံး၊  သိပ္ပံပညာရှင်များ၊   သုတေသီများ၊  အစိုးရဌာနများနှင့် အခြားသောအစိုးရမဟုတ်သော   အဖွဲ့အစည်းများကို   ပံ့ပိုးဝန်ဆောင်မှုပေးရန်ဖြစ်ပါသည်။

 

နည်းပညာပြန်ကြားရေးဌာန၏လုပ်ငန်းတာဝန်များ

        (၁)      သုတေသနဌာနများသို့  လစဉ်စာအုပ်အသစ်များစာရင်းကို  ပြုစုဖြန့်ဝေခြင်း။

         (၂)     စာနယ်ဇင်းများမှ  သတင်းအချက် အလက်များကိုထုတ်ယူခြင်းနှင့်   သုတေသီများ မဟာတန်း/ပါရဂူတန်းများမှ            

                 ကျောင်းသာများအား   အညွှန်း (Indexes) နှင့်အကျဉ်းချုပ် ( Abstracts ) သုံးနည်းကိုသင်ပြပေးခြင်း။

        (၃)    ရည်ညွှန်းစာအုပ်များနှင့် Text Books စာအုပ်များမှသိလိုသော သတင်းအချက်အလက်များထုတ်ယူခြင်း။                                  

        (၄)     နျူးကလီယား သတင်းအချက်အလက်လိုအပ်သူများကို CD-ROMs မှ ထုတ်ယူပြန်ကြားပေးခြင်း။

         (၅)   သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနရှိ ဌာနအသီးသီးမှ သုတေသနအစီရင်ခံစာများကို မှတ်ပုံတင်ထားရှိပြီး   

                 အညွှန်းပြုလုပ်ရန်ပြင်ဆင်ခြင်း။

         (၆)   e-Libray ရှိ database server အတွင်းသို့  စာအုပ်များ ဂျာနယ်များကို စာရင်းသွင်းပါသည်

         (၇)   အိန္ဒိယနိုင်ငံမှလှူဒါန်းထားသော  scanner   ဖြင့်  စာအုပ်များကို scan   ဖတ်ခြင်း၊ DVD  ဖြင့် စုဆောင်းသိမ်းဆည်းခြင်း 

               လုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိပါသည်။

        (၈)   စာကြည့်တိုက်လုပ်ငန်းများဖြစ်သောစာအုပ်ဝယ်ယူစုဆောင်းခြင်း၊  မျိုးတူစုပြုခြင်း၊ ကတ်တလောက်ရေးခြင်း၊

                သတင်းအချက်အလက်ဖြန့်ဝေခြင်းနှင့်  စာကြည့်တိုက်သန့်ရှင်းရေးတို့ကို  လုပ်ဆောင်ကြပါသည်။ 

 

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ

          အပြည်ပြည်ဆိုင်ရာနျူးကလီးယားသတင်းအချက်အလက်ပြန်ကြားရေးစနစ်အဖွဲ့ (International Nuclear Information System (INIS)၏  ( ၉၂ )နိုင်ငံမြောက်  အဖွဲ့ဝင်အဖြစ် ၁၉၉၅၊   သြဂုတ်လ  ၂၂  ရက်နေ့တွင်  သတ်မှတ်ခဲ့သဖြင့် နည်းပညာပြန်ကြားရေးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ   INIS   နှင့်ပတ်သက်သည့်  ဗဟိုဌာနလည်း  ဖြစ်လာပါသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးအရာရှိမှာ  ဉီးလှဝင်း ဖြစ်ပါသည်။ နှစ်စဉ် မြန်မာနိုင်ငံမှ  နျူးကလီယားဆိုင်ရာသုတေသနစာပေများပေးပို့ခြင်၊ INIS ရုံးချုပ်သည် အဖွဲ့ဝင်နိုင်ငံများမှ အချက်အလက်များကို  CD-ROM တွင် ထည့်သွင်း၍ စာတိုက်မှပေးပို့သဖြင့် Nuclear Information လိုအပ်သည့် ကျောင်းသား/သူများ  CD-ROM မှ ကမ္ဘာ့စာ‌‌ပေများကို ရှာဖွေဖတ်ရှုနိုင်ပါသည်။

 

ပြုစုခဲ့သော စာစုစာရင်းမျာ:

  • ရန်ကုန်မြို့ရှိ သိပ္ပံဂျာနယ်များအားလုံး၏ စုပေါင်းကတ်တလောက်စာရင်း - ၁၉၇၇။
  • မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဉီးစီးဌာန၏သုတေသနအစီရင်ခံစာများ အညွှန်း အတွဲ (၁ ) ၁၉၉၆။
  • မြန်မာ့သိပ္ပံနှင့်  နည်းပညာသုတေသနဉီးစီးဌာန၏သုတေသနအစီရင်ခံစာများ  အညွှန်း အတွဲ ( ၂ ) ၂၀၁၂။
  • သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၏သုတေသနအစီရင်ခံစာများအညွှန်းအတွဲ (၃)၂၀၁၇။
  • သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာနရှိ ဌာနအသီးသီးမှ     သုတေသနအစီရင်ခံစာများကို  မှတ်ပုံတင်ထားရှိပြီး  အညွှန်းပြုလုပ်ရန်ပြင်ဆင်ခြင်း။

 

 

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာပြန်ကြားရေးဌာနရှိ စာကြည့်တိုက်တွင် အောက်ဖော်ပြပါစာအုပ်များအားရုံးချိန်အတွင်း လာရောက်ဖတ်ရှု့နိုင်ပါသည်။

 

Sr. No.

Title

Author

ISBN

Edition

Year

1.

Implementing ISO/IEC 17025:2017

Bob Mehta

9780873899802

2nd Edition

2019

2.

Waste-to-Energy Technologies and Global Applications

Efstrations N, Kalogirou

9781138035201

-

2018

3.

Photovoltaic Solar Energy from Fundamentals to Applications

Angelae Reinders

9781118927465

-

2017

4.

The Science and Technology of Industrial Water Treatment

Zahid Amjad

9781138198975

1st Edition

2016

5.

Thermal Food Processing: New Technologies and Quality Issues,

Da-Wen Sun

9781439876787

2nd Edition

2012