logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ပညာရှင် နှင့် တီထွင်မှုမူပိုင်ခွင့် ပညာရှင်နေရာ လျှောက်ထားနိုင်ရေး ဖိတ်ခေါ်ခြင်းကိစ္စ

1 day ago
မူပိုင်ခွင့် အေဂျင်စီတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ပညာရှင်နှင့် တီထွင်မှုမူပိုင်ခွင့် ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် သတ်မှတ်ချက်နှင့်ကိုက်ညီပြီး စိတ်ပါဝင်စား သော အငြိမ်းစားဝန်ထမ်းများအနေဖြင့် အောက်ပါစာရွက်စာတမ်းများ ပူးတွဲလျက် မူပိုင်ခွင့် အေဂျင်စီရုံးအဖွဲ့၊ ရုံးအမှတ်-၅၂ ၊ မူပိုင်ခွင့်ဦးစီးဌာန၊ နေပြည်တော်( ဖုန်း-၀၆၇-၃၄၃၀၅၉၆) ၊ အီးမေးလ်လိပ်စာ- ipagency@ipdept.gov.mm သို့ (၃၁-၅-၂၀၂၅)ရက်နေ့ နောက်ဆုံးထား၍ Hard copy/soft copy တို့နှင့်အတူ ပေးပို့လျှောက်ထားနိုင်ပါသည်- (က) ကိုယ်ရေးမှတ်တမ်း (ဓာတ်ပုံပါ) (ခ) သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (ဂ) မူပိုင်ခ...

AI Tools များ လက်တွေ့ အသုံးပြုပုံအကြောင်း ဌာနတွင်း Knowledge Sharing ကျင်းပပြုလုပ်ခြင်း

1 week ago
“AI Tools များလက်တွေ့အသုံးပြုပုံအကြောင်းဌာနအတွင်း Knowledge Sharing ကျင်းပပြုလုပ်ခြင်း” အစီအစဉ်ကို ၂၀၂၅ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ Knowledge Sharing အစီအစဉ် သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ညွှန်ကြားရေးမှူးများ၊ဌာနအသီးသီးမှ ဌာနမှူး၊ ဌာနတာဝန်ခံ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Knowledge Sharing အစီအစဉ်တွင် ...

"ပြန်ပြည့်မြဲ စွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၏ အသေးစား၊ အငယ်စား နှင့် အလတ်စားလုပ်ငန်းရှင်အား နည်းပညာလွှဲပြောင်းခြင်း”

2 weeks ago
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန အောက်ရှိ ပြန်ပြည့်မြဲစွမ်းအင် သုတေသနဌာနမှ သုတေသနပြုလုပ်ခဲ့သော Design and Construction of Improved Wind Turbine Blades for Rural Household Electrification သုတေသနလုပ်ငန်းမှ “Improved Wind Turbine Blades တည်ဆောက်ခြင်း” နည်းပညာအား Tha Doe Mahar Co.,Ltd. မှ နည်းပညာပံ့ပိုးပေးပါရန် တောင်းခံလာ၍ (၂-၅-၂၀၂၅) နေ့ရက်တွင် “MSME လုပ်ငန်းရှင်အား နည်းပညာလွှဲပြောင်းပေးခြင်း” အခမ်းအနားကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန(DRI)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်း...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျမှ နည်းပညာတက္ကသိုလ်ကျောင်း(၄)ကျောင်းရှိ Internship ကျောင်းသား/သူများအား တွေ့ဆုံပွဲအခမ်းအနား

3 weeks ago
နည်းပညာတက္ကသိုလ်များမှ Internship ကျောင်းသား/သူများအား တွေ့ဆုံပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ဧပြီလ(၂၉)ရက်နေ့တွင်သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊စုဝေးခန်းမတွင် ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ တာဝန်ခံ ဆရာ၊ဆရာမများနှင့် Polytechnic University (မအူပင်)မှ ကျောင်းသား/သူ(၂၄)ဦး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူ(၂၄)ဦး၊ ပြည်နည်းပညာ တက္ကသိုလ် ကျောင်း...

“နည်းပညာတက္ကသိုလ်များမှ Internship ကျောင်းသား/သူများအား ကြိုဆိုပွဲအခမ်းအနား"

3 weeks ago
နည်းပညာတက္ကသိုလ်များမှ Internship ကျောင်းသား/သူများအား ကြိုဆိုပွဲ အခမ်းအနားကို (၂၅-၄-၂၀၂၄)ရက်နေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမတွင် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ကြိုဆိုပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ တာဝန်ခံ ဆရာ၊ဆရာမများနှင့် Polytechnic University (မအူပင်)မှ ကျောင်းသား/သူ(၂၄)ဦး၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူ(၂၄)ဦး၊ ပြည်နည်းပညာ တက္...

အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးပွဲနှင့် MSME လုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်းခြင်း အခမ်းအနား

2 months ago
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း (၂၀၂၂)ဖြင့် ပူးပေါင်းဆောင်ရွက်သောအစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးပွဲနှင့် MSMEs လုပ်ငန်းရှင်များ သို့ နည်းပညာလွှဲပြောင်းခြင်း အခမ်းအနား ကို (၇-၃-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန စုဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာန အသီးသီးမှ တာဝန်ရှိသူများ ပြည်တွင်းနှင့် နိုင်ငံတကာမှ နည်းပညာရှင်များ၊ ပြင်ပစက်မှု လက်မှုနှင့် စားသောက်ကုန်အဖွဲ့အစည်းများမှ တာဝန်ရှိသ...

နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်းစင်တာဖွင့်ပွဲ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဖွင့်ပွဲနှင့် ဆိုလာစနစ်များ အသုံးပြုမှု မြှင့်တင်ရေးနှီးနှောဖလှယ်ပွဲ အခမ်းအနား

2 months ago
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းဖြင့် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်းစင်တာ ဖွင့်ပွဲ၊ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဓာတ်ခွဲခန်းစင်တာ ဖွင့်ပွဲနှင့် ဆိုလာစနစ်များ အသုံးပြုမှု မြှင့်တင်ရေးနှီးနှောဖလှယ်ပွဲ အခမ်းအနားကို(၆-၃-၂၀၂၅)ရက်နေ့ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန စုဝေးခန်းမ၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်...

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြခန်းတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပြခန်းခင်းကျင်းပြသသူများအား ဂုဏ်ပြုပွဲအခမ်းအနား

2 months ago
နေပြည်တော် ဥပါဒသန္တိစေတီတော်မြတ်ကြီး အရှေ့တပေါင်းကွင်း၌ ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပြခန်းအောင်မြင်စွာ ခင်းကျင်းပြသနိုင်ခဲ့ခြင်းအတွက် ပြခန်းခင်းကျင်း ပြသခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို (၂၈-၂-၂၀၂၅)ရက် နံနက်(၁၀:၀၀)နာရီတွင် ရန်ကုန်မြို့သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဒေါက်တာဖြူဖြူဝင်း ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှ...

ISO 15189 ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများ အသိပညာပေးအစီအစဉ်

3 months ago
ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းများ နိုင်ငံတကာအသိအမှတ်ပြုစံချိန်စံညွှန်း ISO 15189 နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးအစီအစဉ်အား (၂၈-၁-၂၀၂၅) ရက်နေ့တွင် သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စုဝေးခန်းမ၌ Hybrid mode (In person/ online) ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၊ ဥက္ကဌ၊ ဒေါက်တာအေးအေးစန်း တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ISO 15189 ဆိုင်ရာနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံမှ ဆေးဘက်ဆိုင်ရာဓာတ်ခွဲခန်းအဏုဇီဝ ဘေးကင်းလုံခြုံမှုဆိုင်ရာ ...

အလုပ်လျှောက်လွှာခေါ်ယူခြင်း

3 months ago
အလုပ်လျှောက်လွှာ Form ပုံစံ Form.pdf...