logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါပါဝင်သည့်အဖွဲ့သည်  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့ နိုင်ငံတကာကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ဆောင်ရွက် ထားမှုများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာ ပံ့ပိုးပေးမှု များနှင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ထွက်ကုန်များ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်လိုသည်များကို  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့  လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း၊  ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက် ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်၊ အမျိုးသား ဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးနှင့် သက်ဆိုင်ရာဌာနမှူးများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးက အမျိုးသားဓာတ်ခွဲခန်း တွင် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာဝန်ဆောင်မှုများအကြောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်က အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ မြန်မာ့ထုတ်ကုန်များအတွက် စံချိန်စံညွှန်းများရေးဆွဲခြင်း အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာကေသွယ်ခိုင်က အစားအစာတီထွင်ဆန်းသစ်မှုဌာန (Food Innovation Centre)မှ ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် နည်းပညာ ပံ့ပိုးပေးမှုများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ အမျိုးသားဓာတ်ခွဲခန်း၊ တိကျစွာတိုင်းတာခြင်းနည်းပညာဌာနနှင့် အစားအစာတီထွင်ဆန်းသစ်မှုဌာနများသို့ လေ့လာကြည့်ရှုခဲ့ ကြပါသည်။

အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပြောကြားနေပုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့မှ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသို့လာရောက်တွေ့ဆုံဆွေးနွေးခြင်း

တိကျစွာတိုင်းတာခြင်းနည်းပညာဌာနသို့ သွားရောက်လေ့လာခြင်း

တိကျစွာတိုင်းတာခြင်းနည်းပညာဌာနမှ Lab တာဝန်ခံမှ ရှင်းလင်းပြောကြားနေပုံ

အစားအစာတီထွင်ဆန်းသစ်မှုဌာနသို့ သွားရောက်လေ့လာခြင်း

အစားအစာတီထွင်ဆန်းသစ်မှုဌာနမှ တာဝန်ရှိသူမှရှင်းလင်းပြောကြားနေပုံ