logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့်  Gender Action Plan (GAP) နှင့် ASEAN Consultative Committee For Standards and Quality (ACCSQ) အစည်းအဝေးသို့တက်ရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့၏အတွေ့အကြုံများ ပြန်လည်မျှဝေခြင်း အခမ်းအနားအား  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊ မွန်းလွဲ(၁း၀၀ မှ ၃း၀၀) နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊  PA system ခန်းတွင် ကျင်းပခဲ့ရာ

ဒုတိယညွှန်ကြားရေးမှူးချုပ်‌ဒေါက်တာထွန်းထွန်းမိုးနှင့် အမျိုးသားစံချန်စံညွှန်းနှင့်အရည်အသွေးဌာနမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် Gender Action Plan (GAP) သို့တက်ရောက်ခဲ့ကြသော ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါမိုးမှ Gender Action Plan (GAP) အစည်းအဝေးနှင့်ပတ်သက်၍ ရရှိလာသော အတွေ့အကြုံများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်မှ ASEAN Consultative Committee For Standards and Quality (ACCSQ) အစည်းအဝေးမှ ရရှိလာသော အတွေ့ အကြုံများကိုလည်းကောင်း၊ ဆက်လက်၍ ဒေါက်တာဝါဝါမိုးမှ National Export Strategy (NES) အမျိုးသားပို့ကုန်မဟာဗျူဟာရှိ (Quality Management System) QMS ကဏ္ဍတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဌအဖြစ် ဆောင်ရွက်နေ ပါကြောင်းနှင့် အမျိုးသားစံချိန်စံညွှန်းနှင့်အရည်အသွေးဌာနမှ National Export Strategy (NES)နှင့်သက်ဆိုင်သည်များကိုဆောင်ရွက်လျှက်ရှိနေပါကြောင်းအားဌာနမှ ဝန်ထမ်းများသိရှိနိုင်ပါရန် ရှင်းလင်းတင်ပြခဲ့ပြီး သိရှိလို သည်များကို တက်ရောက်လာသော အရာထမ်းများက မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူး ဒေါက်တာဝါဝါမိုးမှ ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ (Technical Committee) member များနှင့် ကျား/မ တန်းတူ အခွင့်အရေး ရရှိရေးဆိုင်ရာ ကဏ္ဍများအတွက် Action Plan ရေးဆွဲမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။

 

Gender Action Plan (GAP) နှင့် ASEAN Consultative Committee For Standards and Quality (ACCSQ) အစည်းအဝေးသို့တက်ရောက်ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့၏အတွေ့အကြုံများ ပြန်လည်မျှဝေနေပုံ

Gender Action Plan (GAP) နှင့် ASEAN Consultative Committee For Standards and Quality (ACCSQ) အစည်းအဝေ:နှင့်သက်ဆိုင်သည့်သိရှိလိုသည်များကို  ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသောအရာထမ်းများမှမေးမြန်းနေပုံ