logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သည့် “မြန်မာနိုင်ငံသိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ထွက်ပေါ် လာစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား”ကို ရုံးအမှတ်(၂၁)၊ နေပြည်တော်၊  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊  အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင်   ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက် အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုနယ်ပယ် ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရေးအတွက် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံနှင့် မဟာဗျူဟာများ အတည်ပြုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံနှင့် မဟာဗျူဟာများရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များက သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံ(မူကြမ်း)နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လမ်းပြမြေပုံနှင့် မဟာဗျူဟာများ ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်‌ပြနေစဉ်

ညှိုနှိုင်းဆွေးနွေးပွဲတွင် အုပ်စုအဖွဲ့လိုက်တင်ပြဆွေးနွေးနေပုံ


ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနား အမှတ်တရ စုပေါင်းဓာတ်ပုံ