သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှဦးဆောင်၍ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ MSME စားသောက်ကုန်တန်ဖိုးမြှင့် ထုတ်လုပ်မှုလုပ်ငန်းများ စွန့်ဦးတီထွင်သူများ ပေါ်ထွက်လာ စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောအရည်အသွေးပြည့်မီသည့် တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာလွှဲအပ်ခြင်း နှင့် သင်တန်းဖွင့်လှစ်သင်ကြားခြင်းအစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပလျက် ရှိပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ(၂၅) ရက်နေ့ နံနက် (၉:၃၀) မှ (၁၀:၃၀) အထိကျင်းပခဲ့ပြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းနှင့် သင်တန်းပို့ချပေးမည့် သုတေသနပညာရှင်များ၊ မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးကောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းနှင့် တာဝန်ရှိသူများ၊ ငှက်သိုက် လုပ်ငန်းရှင်များအသင်းအဖွဲ့မှလုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များတက်ရောက်ကြ ပါသည်။ အဆိုပါသင်တန်းသို့ မြိတ်ခရိုင်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ကြပါသည်။ သင်တန်းတွင် နာနတ်သီးJuice ပြုလုပ်သည့် နည်းပညာ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးSauce အနှစ်အချဉ်ရည် ပြုလုပ်ခြင်းနည်းပညာ၊ ပေါင်မုန့်နှင့်ကိတ်မုန့် ဖုတ်ခြင်းနည်းပညာများနှင့် ပေါင်မုန့်နှင့်ကိတ်မုန့် ကြာရှည်ခံနည်းပညာ၊ ငှက်သိုက်မှတန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်ခြင်းနည်းပညာနှင့် ဓနိဖူးခြောက်ပြုလုပ်ခြင်း နည်းပညာ၊ အုန်းသီးမှ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းနည်းပညာ၊ Vacuum Frying နည်းပညာဖြင့် အသီးအနှံ ခြောက်ထုတ်ကုန်ထုတ်လုပ်သည့်နည်းပညာ၊ မျှစ်ခြောက်ပြုလုပ်သည့်နည်းပညာနှင့် ခရမ်းချဉ် သီးယို ပြုလုပ်သည့် နည်းပညာများအား သင်ကြားပို့ချ ပေးလျက်ရှိပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှအဖွင့်အမှာစကားပြောကြားခြင်း
မြိတ်ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဉာဏ်ဇော်မှ အမှာစကားပြောကြားခြင်း
မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းမှ အမှာစကားပြောကြားခြင်း
ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ၏ မှတ်တမ်းဓာတ်ပုံ
သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ
သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်လာသူများ
သင်တန်းဆရာမမှ နာနတ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်နည်းပညာများ လက်တွေ့သင်ကြားပို့ချပေးခြင်း
သင်တန်းဆရာမမှ နာနတ်သီးဖျော်ရည်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်နည်းပညာများ လက်တွေ့သင်ကြားပို့ချပေးခြင်း
သင်တန်းဆရာမမှကိတ်မုန့်၊ ပေါင်မုန့်ပြုလုပ်ခြင်းနည်းပညာများသင်ကြားပြသခြင်း
သင်တန်းဆရာမမှကိတ်မုန့်၊ ပေါင်မုန့်ပြုလုပ်ခြင်းနည်းပညာများလက်တွေ့သင်ကြားပြသခြင်း
သင်တန်းသားများလက်တွေ့ဆောင်ရွက်နေမှုများ
သင်တန်းသားများလက်တွေ့ပြုလုပ်ထားသောခရမ်းချဉ်သီးနှင့် ငရုတ်သီးဆော့စ်များ
ကိတ်မုန့်၊ပေါင်မုန့်နည်းပညာများလက်တွေ့သင်ကြားပြသခြင်း
ကိတ်မုန့်၊ပေါင်မုန့်နည်းပညာများလက်တွေ့သင်ကြားပြသခြင်း
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်