သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ (၂၀၂၅-၂၀၃၀) အတွက် STI Strategies များနှင့် Strategic Plan များ(မူကြမ်း)နှင့် နည်းပညာ(ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်ပစ္စည်း၊ အကြံဉာဏ် များ) လွှဲပြောင်းခြင်းလုပ်ငန်းစဉ်(မူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနား အစီအစဉ်ကို (၂၉-၁-၂၀၂၄)ရက်နေ့ နေ့လည်(၁း၀၀)မှ ညနေ(၅း၃၀)နာရီအထိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ (၂၀၂၅-၂၀၃၀) အတွက် STI Strategies များနှင့် Strategic Planများ (မူကြမ်း)နှင့်ပတ်သက်၍ ဓာတုနည်းပညာသုတေသနဗဟိုဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာသဇင်ဟန်မှလည်းကောင်း၊ နည်းပညာ(ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်ပစ္စည်း၊ အကြံဉာဏ်များ) လွှဲပြောင်းခြင်းလုပ်ငန်းစဉ်(မူကြမ်း)နှင့်ပတ်သက်၍ ဓာတုနည်းပညာသုတေသန ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုနွယ်ဦးမှလည်းကောင်း တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာခဲ့သူများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊ STI Strategies လုပ်ငန်းအဖွဲ့ဝင်များ၊ နည်းပညာလွှဲပြောင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေရေးလုပ်ငန်းအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားနေပုံ
(၂၀၂၅-၂၀၃၀) အတွက် STI Strategies များနှင့် Strategic Plan များ(မူကြမ်း)အား ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်မှ ဆွေးနွေးတင်ပြစဉ်
နည်းပညာ(ထုတ်လုပ်မှုနည်းစဉ်၊ ထုတ်ကုန်ပစ္စည်း၊ အကြံဉာဏ်များ)လွှဲပြောင်းခြင်း လုပ်ငန်းစဉ်(မူကြမ်း)အား ဓာတုနည်းပညာသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုနွယ်ဦးမှ ဆွေးနွေးတင်ပြစဉ်
တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ လမ်းညွှန်ဆွေးနွေးခြင်း
ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ အကြံပြုဆွေးနွေးနေစဉ်
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်