logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၁။      သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အသစ်ခန့်အပ်ထားသော လက်ထောက်အရာရှိ/ ဦးစီးအရာရှိများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်၊ အတွေးအမြင်ပွင့်လင်းမှု ဖြစ်ပေါ်လာ စေရန်၊ တွေးခေါ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ “အသစ်ခန့်အပ်ထားပြီးသော လက်ထောက် သုတေသနအရာရှိ/ဦးစီးအရာရှိများ၏ စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ၏ဆွေးနွေးပွဲ အစီအစဉ်” ကို (၁-၁၂-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ PA System Room ၌ ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် (ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက် ထရောနစ်နည်းပညာသုတေသနဗဟိုဌာန) မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။

 

၂။       အစီအစဉ်အရ အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ဦးစီးအရာရှိ (၁၀)ဦး မှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် Power Point Presentation ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

၃။      တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှူးများမှ လိုအပ်သည်များ အား လမ်းညွှန်မှုပြုခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး (အမျိုးသားဓာတ်ခွဲခန်း) မှ နိဂုံးချုပ်စကား ပြောကြားပြီး နေ့လည် (၁၅း၀၅) နာရီတွင် ဆွေးနွေးပွဲအစီအစဉ် ပြီးဆုံးခဲ့ပါသည်။

 

၄။      အဆိုပါဆွေးနွေးပွဲအစီအစဉ်ကို ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသန ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဓာတုနည်းပညာ သုတေသနဗဟိုဌာန၊ ဘဏ္ဍာရေးဌာန(ရုံးချုပ်)၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန(ရုံးချုပ်)မှ ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာ ဌာနအရာရှိများနှင့် အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ ဦးစီးအရာရှိ (၂၁)ဦး တက်ရောက်ခဲ့ကြ ပါသည်။

 

၅။      “အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသန အရာရှိ/ဦးစီးအရာရှိများ၏ စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်”ကျင်းပခြင်းအားဖြင့် အသစ်ခန့်အပ်ထားသော လက်ထောက် အရာရှိ/ဦးစီးအရာရှိတဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်သော အရာရှိများ ဖြစ်လာမည့် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။

ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားစဉ်

အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ နိဂုံးချုပ်စကား ပြောကြားစဉ်

                                              

         

 အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ဦးစီးအရာရှိ (၁၀)ဦးမှ

   သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် Power Point Presentation  ဆွေးနွေးတင်ပြစဉ်