logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တွင် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ တွဲဖက်အရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ အမျိူးသားဓါတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှုး ဒေါက်တာမြတ်စိုးအောင်မှ သုံးနှစ်တာတာဝန်ထမ်းဆောင်ခဲ့သည့်အတွေ့အကြုံများနှင့် သတင်းအချက် အလက်များပြန်လည်မျှဝေခြင်းအခမ်းအနားအား ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊နံနက်(၁၀း၀၀ မှ ၁၁း၀၀) နာရီအချိန်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊  သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊  PA systemခန်းတွင် ကျင်းပခဲ့ရာညွှန်ကြားရေးမှူးချုပ် ၊ဒုတိယညွှန်ကြားရေးမှူးချုပ်‌များ၊ ဌာနမှူးများ၊၊ ဌာနတာဝန်ခံများနှင့်အရာထမ်းတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာထွန်းထွန်းမိုးမှ အဖွင့်အမှာစကားပြော ကြားရာတွင် ဒေါက်တာမြတ်စိုးအောင်အနေဖြင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ တွဲဖက်အရာရှိရာထူးအား ယှဉ်ပြိုင်အ‌ရွေးခံပြီး ရယူခဲ့ရပါသဖြင့် ဒေါက်တာမြတ်စိုးအောင်အား ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဒေါက်တာမြတ်စိုးအောင်မှ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာတွဲဖက်အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းနှင့်သက်ဆိုင်သည့်သိရှိလိုသည်များကိုညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်တက်ရောက်လာကြသော အရာထမ်းများမှမေးမြန်းခဲ့ကြရာ ဒေါက်တာမြတ်စိုးအောင်မှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ်‌ဒေါက်တာထွန်းထွန်းမိုးမှအဖွင့်အမှာစကားပြောကြားနေပုံ

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဒေါက်တာမြတ်စိုးအောင်မှ  အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာတွဲဖက်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ ကိုရှင်းလင်းတင်ပြနေပုံ

 

အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်း နှင့်သက်ဆိုင်သည့်သိရှိလိုသည်များကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာကြသောအရာထမ်းများမှမေးမြန်းနေပုံ