logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

                                              သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန

                                  သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

                                          (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

 

၁။၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအတွက်၂၀၂၂-၂၀၂၃  ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူမည့် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ ရုံးသုံး စက်ပစ္စည်းများနှင့် ပရိဘောဂများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါ ပေးသွင်းနိုင် ကြောင်းဖိတ်ခေါ်ပါသည်။

 

(က)           တင်ဒါလျှောက်လွှာပုံစံများစတင်ရောင်းချမည့်ရက်- ၁၈-၄-၂၀၂၂

(ခ)        တင်ဒါလျှောက်လွှာပုံစံများနောက်ဆုံးတင်သွင်းရမည့်ရက်- ၂-၅-၂၀၂၂ (၁၆း၀၀)နာရီ

(ဂ)      တင်ဒါပုံစံရောင်းချမည့်နေရာ- အမှတ်() ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့

 

၂။ တင်ဒါတင်သွင်းခြင်းနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်များအားသိရှိလိုပါက သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဖုန်း (၀၁-၆၆၃၂၅၈ ၊ ၀၁- ၆၆၅၂၉၂ ၊ ၀၁ -၆၅၂၈၆၀) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။

 

                                                                              တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

                                                                            သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန