logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ASEAN Secretariat တို့ပူးပေါင်း၍ “တရုတ်-အာဆီယံ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ”အား ၂၀၂၂ခုနှစ်၊ (အောက်တိုဘာလ မှ ဒီဇင်ဘာလ)အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
 () ပြိုင်ပွဲ၏ ရည်ရွယ်ချက် - 
  • သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်
  • တရုတ်နှင့် အာဆီယံဒေသတွင်း ဆန်းသစ်တီထွင်မှု စွမ်းရည်ကိုမြှင့်တင်ရန်
  • မျှဝေသောအနာဂတ်ဖြင့် တရုတ် - အာဆီယံ  အသိုက်အဝန်းကို   ပိုမိုခိုင်မာလာစေရန်
 
() ပြိုင်ပွဲ၏ Theme 
“မျှဝေသော အနာဂတ်အတွက် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း” (Innovation Cooperation for a Shared Future) 
 () ပြိုင်ပွဲကျင်းပရေး ကော်မတီ
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန၊
  • သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံကော်မတီ (ASEAN COSTI)
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်နည်းပညာစက်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန
  • Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ သိပ္ပံနှင့်နည်းပညာဌာန (တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းရေး စင်တာ-CATTC)
  • Guangxi စက်မှုနည်းပညာတက္ကသိုလ်

() ပြိုင်ပွဲအချိန်ဇယား

၁။

မှတ်ပုံတင်ခြင်းနှင့် အကဲဖြတ်ခြင်း

(Registration and Evaluation)

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက် မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ

၂။

အရည်အချင်းပြည့်မီကြောင်းအတည်ပြုခြင်း

(Eligibility Confirmation)

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်

၃။

ပဏာမရွေးချယ်ခြင်း (Initial Selection)

၂၀၂၂  ခုနှစ်၊ အောက်တိုဘာလ

၄။

ဆီမီးဖိုင်နယ် (Semi-final)

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ

၅။

ဖိုင်နယ် (Final)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ

() Registration
    1. Period:      ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈)ရက်မှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ
    2. Deadline for registeration:    ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်
    3. Official website for registration:      www.caiec.cattc.org.cn
    4. Registration ပြုလုပ်ရာတွင် ပူးတွဲပါရှိရမည့်အချက်များ
    • Registration Form (Team Groups/ Enterprise Group)
    • Participation Commitment Letter (Team Groups/ Enterprise Group)
    • ID card (Front side/Back side) or Passport’s First Page (scanned copy)
    • Business Plan
    • Business license (scanned copy)
    • Power Point Presentations
    • Other Supplementary materials
  1. အချက်အလက်များပြင်ဆင်ရာတွင် Scoring rubric အရအောက်ပါအချက်များ ပါဝင်သင့်ပါ သည်-
  • Technologies & Production
  • Business model & Implementation plan
  • Industry & Market
  • Group situation
  • Financial analysis
  1. အဖွဲ့တစ်ခုစီတွင် အဓိကအဖွဲ့ဝင် အနည်းဆုံး(၃)ဦး ရှိရပါမည်။
  2. website တွင် စာရင်းသွင်းရန် အဆင်မပြေပါက registration form အား download ပြုလုပ်၍ အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ email: caiec2022@vip.163.com သို့ ပေးပို့နိုင်ပါ သည်။
  3. အီးမေးလ် Subject တွင် "CAIEC registration-project name-contact person" ထည့်သွင်း ဖော်ပြပေးရမည် ဖြစ်ပါသည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျှောက်ထားမည့် လုပ်ငန်းအဖွဲ့များ၊ အသင်းအဖွဲ့များသည် CAIEC website (www.caiec.cattc.org.cn) တွင် register ပြုလုပ်လျှောက်ထားပြီးပါက အမည်စာရင်းအား သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ email: driheadoffice123@gmail.com ၊  greenrose.lwin @gmail.com တို့သို့ ပြန်လည်ပေးပို့ပေးနိုင်ပါရန် နှင့် သိရှိလိုသည်များရှိပါက  ဖုန်း (၀၉ - ၄၃၁၅၀၅၄၅ ၊ ၀၁ - ၆၆၅၂၉၂) သို့ ဆက်သွယ်နိုင်ပါသည်။ () ပါဝင်ယှဉ်ပြိုင်နိုင်သောနယ်ပယ်များModern Agriculture: ခေတ်မီလယ်ယာ စိုက်ပျိုးရေး၊ သစ်တော၊ တိရစ္ဆာန်မွေးမြူရေး နှင့် ရေလုပ်ငန်း ကဏ္ဍများ၊ ဇီဝလောင်စာစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချရေး

Digital Economy: ဒစ်ဂျစ်တယ်ထုတ်ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု
Biomedicine and Health: ဇီဝဆေးဘက်ဆိုင်ရာလုပ်ငန်းများ၊ ဇီဝဆေးပညာ အင်ဂျင်နီယာ လုပ်ငန်းများ၊ ဇီဝစိုက်ပျိုးရေးနှင့် ဆက်စပ်စက်မှုလုပ်ငန်းများ၊ ဇီဝလောင်စာ စွမ်းအင်လုပ်ငန်း 
Energy Conservation and Environmental Protection: စွမ်းအင်ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေးလုပ်ငန်းများ၊ စွမ်းအင်ချွေတာရေးလုပ်ငန်းများ

() ပြိုင်ပွဲအမျိုးအစားများ

  • အသင်းအဖွဲ့များ (Team Groups)
  • လုပ်ငန်းအဖွဲ့များ (Enterprise Groups)  
  1. Enterprise Groups
  • မြန်မာနိုင်ငံ၌ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ နောက်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာစွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့များ၊ MSME လုပ်ငန်းများ
  • မှတ်ပုံတင် အရင်းအနှီးသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်းထက် မပိုသော လုပ်ငန်းများ
  • ၂၀၂၁ ခုနှစ် တွင် လုပ်ငန်းလည်ပတ်မှု ၀င်ငွေသည် အမေရိကန်ဒေါ်လာ သန်း(၃၀)ထက် မပိုသော လုပ်ငန်းများ
  1. Team Groups
  • နည်းပညာဆန်းသစ်တီထွင်ခြင်းဆိုင်ရာ အောင်မြင်မှုရှိ၍ လက်ရှိတွင် လုပ်ငန်းအဖြစ် စာရင်းမသွင်း ရသေးသည့် စွန့်ဦးတီထွင်အသင်းအဖွဲ့များ၊ နည်းပညာတက္ကသိုလ်များ၊ ကောလိပ်နှင့်သက်မွေး ပညာကျောင်းများ သုတေသနဌာနများမှ လူငယ်လူရွယ်အသင်း အဖွဲ့များ၊ ဘာသာရပ်သက်ဆိုင်သည့် စိတ်ပါဝင်စားသူများ

() ဆုချီးမြှင့်မည့်အစီအစဉ်များ

(က) Enterprise Group

  • Competition bonus RMB 50,000 နှင့် ပထမဆု(၁)ဆု
  • Competition bonus RMB 30,000 နှင့် ဒုတိယဆု(၃)ဆု
  • Competition bonus RMB 10,000 နှင့် တတိယဆု(၆)ဆု
  • စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။

() Team Group

  • Competition bonus RMB 40,000 နှင့် ပထမဆု(၁)ဆု
  • Competition bonus RMB 20,000 နှင့် ဒုတိယဆု (၃)ဆု
  • Competition bonus RMB 7,000 နှင့် တတိယဆု(၆)ဆု
  • စုစုပေါင်း (၁၀)ဆု ပေးမည်ဖြစ်ပါသည်။

() Cooperation Star

  • ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000

() Creativity Star

  • ဆုရရှိသောအဖွဲ့(၁၀)ဖွဲ့အား တစ်ဖွဲ့လျှင် RMB 3,000

() ဆုရွေးချယ်မှု

(က) ပဏာမရွေးချယ်မှု

  1. ပဏာမရွေးချယ်မှုကို အချက်အလက်များပြန်လည်သုံးသပ်ခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
  2. အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဖြစ်ပါသည်။

() ဆီမီးဖိုင်နယ်

  1. "7+5" (7-minute roadshow and 5-minute defense)ဖြင့် on-site နှင့် online ပေါင်းစပ်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသည်။
  2. ဆီမီးဖိုင်နယ်အတွက် On-site ပြုလုပ်မည့်နေရာများ -  Nanning (China)၊ Bangkok (Thailand) နှင့် Singapore တို့၌ ကျင်းပမည်ဖြစ်ပါသည်။
  3. ပြိုင်ပွဲ၏ ဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အဖွဲ့များ၏စာရင်းကို အများပြည်သူသိရှိနိုင်စေရန် တရားဝင် ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
  4. အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ဖြစ်ပါသည်။

() ဖိုင်နယ်

  1. ဖိုင်နယ်ပွဲစဉ်များကို တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။
  2. လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့နှင့် အသင်းအဖွဲ့(၁၀)ဖွဲ့ခန့်သည် ဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်ပြီး on-site နှင့် online အတူတကွ ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
  3. ဖိုင်နယ်ပွဲစဉ်များကို လုပ်ငန်းအဖွဲ့များနှင့် အသင်းအဖွဲ့များခွဲ၍ တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့၌ on-site နှင့် online ကျင်းပမည် ဖြစ်ပါသည်။
  4. ပါဝင်ယှဉ်ပြိုင်သည့် ပရောဂျက်များအားလုံးကို "8+7" (8-minute roadshow and 7-minute defense)ဖြင့် ဆုံးဖြတ်မည် ဖြစ်ပါသည်။
  5. အချိန်ကာလမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ဖြစ်ပါသည်။

(၁၀) Language (ဘာသာစကား)

           ပြိုင်ပွဲ၏တရားဝင်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာ ဖြစ်ပါသည်။ လိုအပ်ချက်များနှင့်အညီ registration document များအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် တင်ပြရမည်ဖြစ်ပါသည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်များ၏ Roadshow နှင့် Q&A တို့ကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်မည်ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရေးကော်မတီသည် ဖိုင်နယ်အတွက် EN-CH ဘာသာစကားများကို တပြိုင်နက်တည်း ဘာသာပြန်ဆိုပေးမည်ဖြစ်ပါသည်။

Form 1

Form 2

Form 3

Form 4