logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာကဏ္ဍအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်အခမ်းအနားကျင်းပခြင်း

၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၅)ရက်နေ့တွင် “အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံ အဆောက်အအုံ ခိုင်မာအားကောင်းစေရေးနှင့် ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသားအရည်အသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ အကောင်အထည်ဖော်ရေး စီမံကိန်း” ဖွင့်ပွဲအခမ်းအနားနှင့် “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်  စက်မှုဖွံ့ဖြိုးတိုးတက်စေရေး အတွက် စံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာ ကဏ္ဍအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက် တွေ့ဆုံဆွေးနွေးခြင်းဖိုရမ်” အခမ်းအနားကို ရန်ကုန်မြို့ Mercure ဟိုတယ်၌  ကျင်းပခဲ့ရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Counselor Ms. Qiao Li မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့် အာရှပိုးလမ်းမကြီး စီမံကိန်းတွင် ပါဝင် သည့် LMC အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အပံ့ပေးနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ ရပါကြောင်း ပြောကြားခဲ့ပါသည်။  ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထူးရန်ပုံငွေဖြင့် မဲခေါင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် LMC စီမံကိန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ခံအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထူးရန်ပုံငွေအောက်တွင် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက် သည့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါစီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသန နှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ “ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်  စက်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံချိန်စံညွှန်းနှင့် အရည်အသွေးဆိုင်ရာကဏ္ဍအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်တွေ့ဆုံ ဆွေးနွေးခြင်းဖိုရမ်” အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြား၍ Panel Discussion အစီအစဉ်ဖြင့် အများပြည်သူ များအကြား ကျယ်ကျယ်ပြန့်ပြန့် သိမြင်နားလည်စေရန်နှင့် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပိုမိုချိတ်ဆက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍ စံချိန်စံညွှန်း သတ်မှတ်ခြင်းနှင့် အရည်အသွေးထောက်ခံချက်ထုတ်ပေးခြင်းကဏ္ဍ၊ ဓာတ်ခွဲခန်းများ အသိအမှတ်ပြုခြင်း ဆိုင်ရာကဏ္ဍ၊ တိကျစွာတိုင်းတာခြင်း နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်ခြင်းဆိုင်ရာ ကဏ္ဍတွင် သက်ဆိုင်ရာ Panel Speaker များမှ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ များမှ အဆိုပါကဏ္ဍများနှင့်စပ်လျဉ်း၍ သိလိုသည်များကို  မေးခွန်းခဲ့ရာ  Panel Speaker များမှ ဆွေးနွေး ပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ် အခမ်းအနားသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ စံချိန်စံညွှန်း လုပ်ငန်းကော်မတီဝင်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ ကြပါသည်။

  သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  အဖွင့်အမှာ စကားပြောကြားစဉ်

   တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Counselor Ms. Qiao Li မှအမှာစကားပြောကြားစဉ်

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်

ဉီးကျော်စွာမှအမှာစကားပြောကြားစဉ်

သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံကိန်းအထူးရန်ပုံငွေအောက်တွင် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက် သည့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများအားရှင်းလင်းတင်ပြစဉ်

                ဖိုရမ်သို့တက်ရောက်လာသောဧည့်သည်တော်များနှင့်မှတ်တမ်းဓါတ်ပုံ

                                               ဆွေးနွေးပွဲကျင်းပခြင်းမှတ်တမ်းဓါတ်ပုံ

                                      Penal discussion ပြုလုပ်နေစဉ်

]

       Omic ဓါတ်ခွဲခန်းသို့ ISO/IEC 17025 ဓါတ်ခွဲခန်းဆိုင်ရာအသိအမှတ်ပြုလွှာပေးအပ်ခြင်း