logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် ၂၁၊ စုဝေး ခန်းမ၌ BIMSTEC နိုင်ငံများ၏ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အလက်များ စုစည်းကောက်ယူခြင်း ဆိုင်ရာဆွေးနွေးပွဲ (Seminar for Assessment of the Science, Technology, and Innovation Sectors in BIMSTEC Countries) ကို သုတေသနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာ ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဖိတ်ကြားထားသော စုစုပေါင်း ကိုယ်စားလှယ် ၂၃ဦး တက်ရောက် ခဲ့ကြပါသည်။

သုတေသနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းကိုက BIMSTEC PLAN OF ACTION ON SCIENCE, TECHNOLOGY, AND INNOVATION 2023-2024 နှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် Template for Country input for the Assessment of Science, Technology, and Innovation Sectors in BIMSTEC Countries-2023 အတွက် ပေးပို့မည့် အချက်အလက်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာခဲ့ ကြသော ကိုယ်စားလှယ်များမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။

သုတေသနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက အဖွင့်မိန့်ခွန်း ပြောကြားနေပုံ

သုတေသနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းကိုက BIMSTEC PLAN OF ACTION ON SCIENCE, TECHNOLOGY, AND INNOVATION 2023-2024 နှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းတင်ပြနေပုံ

BIMSTEC နိုင်ငံများ၏သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအချက်အလက်များ
စုစည်းကောက်ယူခြင်း ဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်း

BIMSTEC နိုင်ငံများ၏သိပ္ပံနည်းပညာနှင့် ဆန်းသစ် တီထွင် မှုဆိုင်ရာ အချက်အလက်များ စုစည်းကောက်ယူခြင်း ဆိုင်ရာဆွေးနွေးပွဲသို့ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ