logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ Lancang-Mekong Cooperation Special Fund Projects -2022 ဖြင့် “Establishment of Myanmar National-level Solar PV Application Promotion and Training Center to Accelerate the Capacity Building of Deployment of Solar Energy in Myanmar” စီမံကိန်းအရ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင်မြန်မာနိုင်ငံ Solar PV အသုံးချမှုအခြေအနေအား စစ်တမ်း ကောက်ယူခဲ့မှုနှင့် Sand Table Design များအတွက် နည်းပညာပိုင်း ဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဆက်စပ်ဌာနများ၊ နည်းပညာ တက္ကသိုလ်များ၊ ဆိုလာ PV ကုမ္ပဏီများ၊ DRI မှ ဌာနမှူး၊ ဌာနတာဝန်ခံများနှင့် စီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များ စုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ နည်းပညာပိုင်းဆိုင်ရာကဏ္ဍများအတွက် သက်ဆိုင်ရာ ပညာရှင်များများမှ Power Point Presentation များဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တက်ရောက်လာသူများ မှ အပြန်အလှန်ဆွေးနွေးကြပြီး၊ Survey form တွင် အကြံပြုချက်များနှင့် Data အချက်အလက်များ ဖြည့်သွင်းပြီး အခမ်းအနားကို ညနေ (၃း၀၀)နာရီ တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

 သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားနေပုံ

ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဇော်မင်းနိုင်မှ ရှင်းလင်းပြောကြားနေပုံ

  ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်မှ ရှင်းလင်းပြောကြားနေပုံ

 ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာန၊  ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်မှ ရှင်းလင်းပြောကြားနေပုံ

                                    ဆွေးနွေးပွဲအခမ်းအနားကျင်းပနေပုံ

 

                                National Consultant မှ ရှင်းလင်းပြောကြားနေပုံ

                                                                                                                                                      Sandi Solar Company မှရှင်းလင်းပြောကြားနေပုံ

                                   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ