နိုင်ငံတကာဆက်ဆံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန၏လုပ်ငန်းတာဝန်များ
နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
(က) နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများဆောင်ရွက်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ခြင်း
(ခ) နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခြင်း
(ဂ) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Centre for Science & Technology of Non-Aligned andOther Developing Countries(NAM S&T Centre)နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံမှ သိပ္ပံနည်းပညာဆိုင်ရာအစည်းအဝေးများ၊အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများတက်ရောက်နိုင်ရေးပါဝင်ဆောင်ရွက်ခြင်း
(ဃ) Japan Science and Technology Agency(JSTA)မှအာဆီယံနိုင်ငံများ နှင့် မိတ်ဖက်နိုင်ငံများသုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်သော(e-ASIA Joint Research Program)တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်း
(င) UNESCO Institute for Statistics မှ ဆောင်ရွက်လျက်ရှိသော Research and Development Survey(Number of Researcher and Research Expenditure) များနှင့် ပတ်သက်၍မြန်မာနိုင်ငံရှိ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံကိုယ်စားပြု ဖြေဆိုပေးနိုင်ရန် ဆောင်ရွက်ခြင်း
(၂) ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
(က) ဗဟိုစာရင်းအင်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan –MSDP)အကောင်အထည်ဖော်မှု၏အောင်မြင်မှုများကိုတိုင်းတာမည့် အမျိုးသားညွှန်ကိန်းမူဘောင်(National Indicator Framework- NIF)များအနက် (NIF 3.7.4 Number of Researcher)နှင့် (NIF3.7.5 Research Expenditure) အတွက် Focal Point အဖြစ်ဆောင်ရွက်ခြင်း
(ခ) ပြည်တွင်း/ပြည်ပပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်သောအချက်အလက်များတောင်းခံခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းများနှင့်ပတ်သက်၍ အခြားဝန်ကြီးဌာနများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများနှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနလက်အောက်ရှိဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်