logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

နိုင်ငံတကာဆက်ဆံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန၏လုပ်ငန်းတာဝန်များ

နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း

(က)     နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများဆောင်ရွက်နိုင်ရန်  ချိတ်ဆက် ဆောင်ရွက်ခြင်း

(ခ)    နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရန်  ချိတ်ဆက်ဆောင်ရွက်ခြင်း

(ဂ)       အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Centre for Science & Technology of Non-Aligned andOther Developing Countries(NAM S&T Centre)နှင့် ချိတ်ဆက်၍  မြန်မာနိုင်ငံမှ သိပ္ပံနည်းပညာဆိုင်ရာအစည်းအဝေးများ၊အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများတက်ရောက်နိုင်ရေးပါဝင်ဆောင်ရွက်ခြင်း

(ဃ)     Japan Science and Technology Agency(JSTA)မှအာဆီယံနိုင်ငံများ နှင့် မိတ်ဖက်နိုင်ငံများသုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်သော(e-ASIA Joint  Research Program)တွင် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ခြင်း

(င) UNESCO Institute for Statistics  မှ ဆောင်ရွက်လျက်ရှိသော Research and Development Survey(Number of Researcher and Research Expenditure) များနှင့် ပတ်သက်၍မြန်မာနိုင်ငံရှိ သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံကိုယ်စားပြု ဖြေဆိုပေးနိုင်ရန် ဆောင်ရွက်ခြင်း

 

(၂)  ပြည်တွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

(က)     ဗဟိုစာရင်းအင်းအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan –MSDP)အကောင်အထည်ဖော်မှု၏အောင်မြင်မှုများကိုတိုင်းတာမည့် အမျိုးသားညွှန်ကိန်းမူဘောင်(National Indicator Framework- NIF)များအနက် (NIF 3.7.4     Number of Researcher)နှင့် (NIF3.7.5      Research Expenditure) အတွက် Focal Point အဖြစ်ဆောင်ရွက်ခြင်း

(ခ)       ပြည်တွင်း/ပြည်ပပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်သောအချက်အလက်များတောင်းခံခြင်း၊ သဘောထားမှတ်ချက်တောင်းခံခြင်းများနှင့်ပတ်သက်၍ အခြားဝန်ကြီးဌာနများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာနများနှင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနလက်အောက်ရှိဌာနများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း