logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ပရဆေးသုတေသနဌာနသည် ဆေးဖက်ဝင်အပင်များမှ အစွမ်းထက်ဓာတုဒြပ်ပေါင်းများကို ထုတ်ယူခြင်း၊ ဆေးပင်များပေါင်းစပ်၍ အာနိသင်သက်ရောက်မှုကို စမ်းသပ်လေ့လာခြင်း၊ နည်းစဉ်သစ်များဖြင့် စမ်းသပ်ထုတ်လုပ်သည့် သုတေသနများဆောင်ရွက်၍ နည်းပညာလိုအပ်သော ပုဂ္ဂလိကလုပ်ငန်းရှင်သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်ခြင်းစသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

မျှော်မှန်းချက်

 

  1. နိုင်ငံတော်အတွက်အရေးပါသော ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆေးဝါးရှာဖွေ ဖော်ထုတ်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အကူ ပြုနိုင်ရန်

 

ရည်မှန်းချက်များ

 

  1. မြန်မာ့တိုင်းရင်းဆေးပင်များတွင်ပါဝင်သောဒြပ်ပေါင်းများ၏အာနိသင်သက်ရောက်မှုများကိုရှာဖွေဖော်ထုတ်နိုင်ရန်
  2. သိပ္ပံနည်းကျသုတေသနရလဒ်များကိုမြန်မာ့တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊တိုင်းရင်းဆေး

            ပညာရှင်များ၊သုတေသီများနှင့်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသိရှိအသုံးပြုနိုင်ရန်

  1. ဆေးဝါးလုပ်ငန်းများကိုအထောက်အကူပြုနိုင်မည့်သုတေသနများဆောင်ရွက်၍စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင်ပါ၀င်ဆောင်ရွက်နိုင်ရန်

 

သုတေသနလုပ်ငန်းနယ်ပယ်များ

  1. ဆေးဖက်ဝင်အပင်များတွင်ပါဝင်သောဓာတုဒြပ်ပေါင်းများကိုရှာဖွေဖော်ထုတ်ခြင်း။
  2. ဆေးပင်များမှဆေးအာနိသင်ရှိသောအဓိကဒြပ်ပေါင်းများကိုခွဲထုတ်ယူခြင်းနှင့် ဒြပ်ပေါင်းများ၏ဖွဲ့စည်းတည်ဆောက်ပုံကိုဖော်ထုတ်ခြင်း။
  3. ဆေးအဆီနှင့်အနံ့ထွက်ဆီများထုတ်ယူခြင်း။
  4. ဆေးဝါးများဖော်စပ်ခြင်းနှင့်စမ်းသပ်ထုတ်လုပ်ခြင်း။

 သုတေသနဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများ

    ၁။       ရန်ကုန်တက္ကသိုလ်၌ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်မှ (၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်သော ရာပြည့်အကြို သိပ္ပံပွဲခင်းတွင် ပင်လယ်ရေညှိမွေးမြူသည့် နည်းစဉ်ပြသခြင်း

  ၂။      ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်မှ (၅) ရက်နေ့တွင် မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၏    ဆဌမအကြိမ် တိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲတွင် "Evaluation of the Antioxidant Activity of Some Medicinal Plants and Myanmar Traditional Medicine Products" ခေါင်းစဉ်ဖြင့် သုတေသနစာတမ်းဖတ်ကြားခြင်း

  ၃။      ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်မှ (၁၀)ရက်နေ့ထိ ကျန်းမာရေးဝန်ကြီးဌာန၊     ဆေးသုတေသနဦးစီးဌာနမှကြီးမှူးကျင်းပသော 42th Myanmar Health Research Congress  တွင် "In Vitro Anti-malarial Activity of Some Myanmar Medicinal Plants," ခေါင်းစဉ်ဖြင့် ပိုစတာတင်သွင်းခြင်း

     ၄။       ၂၀၁၃ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံပရဆေးသုတေသနနှင့် တိုင်းရင်းဆေးနည်းပညာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

 

ပြည်တွင်းစာအုပ်များထုတ်ဝေခြင်း

သုတေသနပြုလုပ်ရာမှ တွေ့ရှိချက်များကိုစုစည်း၍ “အစွမ်းထက်မြက်သည့် မြန်မာ့တိုင်းရင်းဆေးပင်များ "အတွဲ(၁)"၊ "အတွဲ(၂)" နှင့် ငှက်ဖျားရောဂါ ပျောက်ကင်းစေနိုင်သည့် "မြန်မာ့ဆေးဖက်ဝင်အပင်များ" စသည့်စာအုပ်များကို ပြုစု ထုတ်ဝေခဲ့ပါသည်။

 

ဆက်သွယ်ရန်

ဒေါ်ယုယုနွယ်ဦး

ဒုတိယညွှန်ကြားရေးမှူး

ပရဆေးသုတေသနဌာန

ဓာတုနည်းပညာသုတေသနဗဟိုဌာန

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

အမှတ်(၆)၊ကမ္ဘာအေးဘုရားလမ်း၊ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။

email: prdctrcdri@gmail.com, yuyunweooo@gmail.com,

ဖုန်းနံပါတ် + ၉၅-၉၂၆၃၅၁၈၇၂၇၊ +၉၅-၁၆၆၄၈၁၃