logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲ၏ ပဏာမပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့နှင့် (၃)ရက်နေ့တွင်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ မှ (၁၀)ရက်နေ့အထိလည်းကောင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား စွန့်ဦးတီထွင်မှုကဏ္ဍတိုးတက်လာစေရန်၊  နှစ်နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီအသစ်များနှင့် ထူးချွန် သော လုပ်ငန်းအသင်းအဖွဲ့များကို ပံ့ပိုးပေးခြင်းဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို ပံ့ပိုးနိုင်ရန်အတွက် ကျင်းပခဲ့ပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တက်ဟုန်းပြည်နယ်ခွဲ စက်မှု သတင်းအချက်အလက်နှင့် သိပ္ပံနည်းပညာဦးစီးဌာန၊ တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း (မြန်မာနိုင်ငံကိုယ်စာလှယ်ရုံး)တို့မှ ကြီးမှူး၍ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသန နှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မြန်မာနိုင်ငံသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးတွဲကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ ဆန်းသစ်တီထွင်မှုနှင့်စွန့်ဦးတီထွင်မှုပြိုင်ပွဲကို တရုတ်နိုင်ငံ(တက်ဟုန်း)နှင့်  မြန်မာနိုင်ငံ၊ နေပြည်တော် တို့တွင် online နှင့် on-ground ပါဝင် ယှဉ်ပြိုင်သည့်ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲ၏ ပဏာမပြိုင်ပွဲတွင် တရုတ်-မြန်မာနှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီနှင့် အသင်းအဖွဲ့ စုစုပေါင်း(၈၅)ဖွဲ့တွင် တရုတ်နိုင်ငံမှ (၅၀)ဖွဲ့နှင့် မြန်မာနိုင်ငံမှ (၃၅)ဖွဲ့တို့ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။

ပဏာမပြိုင်ပွဲတွင် ဒိုင်လူကြီးများ၏ preliminary review အရ မြန်မာနိုင်ငံမှ အဖွဲ့(၃၀)ဖွဲ့နှင့် တရုတ်နိုင်ငံမှ အဖွဲ့(၃၂)ဖွဲ့ စုစုပေါင်းအဖွဲ့(၆၂)ဖွဲ့တို့သည် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါသည်။

ဆီမီးဖိုင်နယ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် လည်း ကောင်း၊ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် လည်း ကောင်း တရုတ်နိုင်ငံနှင့်  မြန်မာနိုင်ငံ၊ နေပြည်တော်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 ဖွင့်ပွဲအခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တက်ဟုန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး၊ မစ္စကျောက် တုန်းမေ၊ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ (၇)ဖွဲ့နှင့် မြန်မာနိုင်ငံမှ(၆)ဖွဲ့ စုစုပေါင်း(၁၃)ဖွဲ့တို့သည် ဖိုင်နယ်ပြိုင်ပွဲ့သို့ တက်ရောက်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့သည့် လုပ်ငန်း ကုမ္ပဏီနှင့် အသင်းအဖွဲ့(၆)ဖွဲ့၏ အမည်စာရင်းများအား ဖော်ပြအပ်ပါသည်။

No

Competition Order

Group

Category

Enterprise (Team) Name

Project Name

Score

Ranking

Remark

1

Myanmar 20

Seed Group

UCS(Taungoo)1

mm product zone

90.11

3

Advanced to Semi-Final Competition

2

Myanmar 24

Seed Group

Ginkgo Traditional Medical Pharmacy Team

Ginkgo Herbal Oil Compress Ball

89.90

4

Advanced to Semi-Final Competition

3

Myanmar 25

Seed Group

April May 36

A cup of juice creates a healthy world

89.59

6

Advanced to Semi-Final Competition

4

Myanmar 11

Seed Group

Green Orchard Agricultural Association Myanmar

Green Orchard Agricultural Roadshow

89.54

8

Advanced to Semi-Final Competition

5

Myanmar 13

Growth Group

Hein Shwe Yaung Co., Ltd

Nipa Palm Products Market Penetration form Myanmar to China

89.48

10

Advanced to Semi-Final Competition

6

Myanmar 15

Start-up Group

Golden Goat Myanmar Company Limited

Extraction Natural Fruits Juice and Paste

88.95

13

Advanced to Semi-Final Competition

ပိတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ယူနန်ပြည်နယ်သိပ္ပံနှင့်နည်းပညာ အကယ်ဒမီဌာန ဒုတိယ တာဝန်ခံ မစ္စတာမာမြင့်ရှမ်းနှင့် တက်ဟုန်းပြည်နယ်ခွဲ အထွေထွေအတွင်းရေးမှူးမစ္စတာ လော်ဟုန်ယွီ၊  သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြပါသည်။

တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြိုင်ပွဲဝင်လုပ်ငန်းကုမ္ပဏီနှင့် အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

      ဆီမီးဖိုင်နယ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနား စုပေါင်းမှတ်တမ်းဓါတ်ပုံ

\

ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒိုင်လူကြီးများ၊ ပါဝင်ယှဉ်ပြိုင်ကြသူများ စုပေါင်းမှတ်တမ်းဓါတ်ပုံ

ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် တက်ဟုန်းပြည်နယ်ခွဲမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ 

အမှာစကားပြောကြားခြင်း

ဖိုင်နယ်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)Group 1   အသင်းအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ် ချီးမြှင့်ခြင်း

ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှ အသင်းအဖွဲ့နှင့် လုပ်ငန်းကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များချီးမြှင့်ခြင်း

ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှ အသင်းအဖွဲ့နှင့် လုပ်ငန်းကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များချီးမြှင့်ခြင်း

တရုတ်နိုင်ငံမှ အသင်းအဖွဲ့နှင့် လုပ်ငန်းကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များချီးမြှင့်ခြင်း