မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး
အစီအစဉ်(၂)ကို ၂၀၂၃ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ရန်ကုန်မြို့) ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့်အခြား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပညာရှင်များ၊ အောက်မြန်မာပြည်မှ MSMEs လုပ်ငန်းများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ အမှာ စကားပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များအား တက်ရောက်လာသောသင်တန်းသားများအား
ပေးအပ်ခဲ့ပြီး သင်တန်းသားများမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများ
အချင်းချင်းဖလှယ်ထားသော နည်းပညာခြောက်မျိုးဖြစ်သည့် ချဉ်ပေါင်ဖူးဖျော်ရည် ထုတ်လုပ်ခြင်းနှင့်
ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး၊ ဂျယ်လီဖျော်ရည် ထုတ်လုပ်ခြင်း၊ ပဲနို့ ထုတ်လုပ်ပြီးကျန်သောအနှစ်များမှ ကွက်ကီးထုတ်လုပ်ခြင်း၊ Freezed- Dried နည်းပညာဖြင့် စိုက်ပျိုးရေး ထွက်တန်ဖိုးမြှင့် ထုတ်ကုန်များပြုလုပ်ခြင်း၊ Vacuum – Fried နည်းပညာဖြင့် အသီးအနှံအခြောက်
ထုတ်လုပ်များ ပြုလုပ်ခြင်းများကို စာတွေ့လက်တွ့သင်ကြားပေးခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်မှုနှင့် သက်ဆိုင်သော အမျိုးသားအရည်အသွေး အခြေခံအဆောက်အအုံခိုင်မာ အားကောင်းစေရေး ဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး၊ နည်းပညာဆပ်ကော်မတီမှ ချမှတ်ထားသောမြန်မာစံချိန်စံညွှန်းများ ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ
ဆပ်ကော်မတီမှ ချမှတ်ထားသော မြန်မာစံချိန်စံညွှန်းများ နှင့် ပတ်သက်၍ သက်ဆိုင်ရာပညာရှင်များမှ
အသီးသီးဆွေးနွေး တင်ပြခဲ့ပါသည်။ အဆိုပါနည်းပညာ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်အား စံချိန်စံ ညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရပါသည်။
နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အသေးစား၊ အလတ်စား စီးပွားရေး
လုပ်ငန်းများတိုးတက်ခြင်းသည် အဓိကမောင်းနှင်အားများဖြစ်သည့်အတွက် အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ဆောင်နေသူများအား နည်းပညာများ စာတွေ့ လက်တွေ့သင်ကြား ဖြန့်ဝေခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည်
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေးဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး
ဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နည်းပညာပြန်လည်
ဖြန့်ဝေရေး အစီအစဉ် (၂)တွင် အောက်မြန်မာပြည်မှ MSMEs လုပ်ငန်းရှင်(၁၀၀)ကို သြဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက် နှစ်ရက်တာ နည်းပညာပြန်လည်မျှဝေ သင်ကြားပေးခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ အမှာ စကားပြောကြားခဲ့ပုံ
စီးပွားရေးရာဝန်ကြီး ဉီးမျိုးမြင့်အောင်(ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့) မှအမှာစကားပြောကြားခြင်း
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဖြူဖြူဝင်းမှနည်းပညာ ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခြင်း
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျမှ သင်တန်းသား/ သင်တန်းသူများ အား သင်တန်းဆင်း လက်မှတ်များပေးအပ်နေပုံ
မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၂) အမှတ်တရ မှတ်တမ်းဓါတ်ပုံ
သင်တန်းဆရာမများမှသင်တန်းသားများအားသင်ကြားပြသနေပုံ
သင်တန်းသားများမှကျေးဇူးတင်စကားပြောကြားနေပုံ
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်