logo သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

logo

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃) ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI၊  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ကျွမ်းကျင်ပညာရှင်များမှ အသီးသီး တက်ရောက်ခဲ့ကြပြီး အဆိုပါအစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ဥက္ကဋ္ဌဖြစ်သော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  တက်ရောက်၍ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အတွင်းရေးမှူး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဉီးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဖြူဖြူဝင်းမှ အမျိုးသား စံချိန်စံညွှန်းကောင်စီအစည်းအဝေး(၂/၂၀၂၂)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအားတင်ပြခြင်း၊ အများပြည်သူ သဘောထားမှတ်ချက်ရယူပြီးသည့် မြန်မာစံချိန်စံညွှန်း နောက်ဆုံး အဆင့် မူကြမ်း (၆၃)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်နိုင်ရေးနှင့် ရွှေစံချိန်စံညွှန်း ရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီအသစ်အတည်ပြုဖွဲ့စည်းနိုင်ရေးတင်ပြခြင်း၊ အဆိုပြုအဆင့် (Proposal Stage)နှင့် နည်းပညာဆပ်ကော်မတီအဆင့်တွင် ရေးဆွဲလျက်ရှိသည့် မြန်မာစံချိန်စံညွှန်း မူကြမ်း(၉၉)ခုအား ရှင်းလင်းဆွေးနွေးခြင်း၊ အသိအမှတ်ပြု (Accreditation) လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်ထားရှိအခြေအနေများနှင့် ဓာတ်ခွဲခန်း အသိအမှတ်ပြုခြင်း ဆိုင်ရာ ဆောင်ရွက်ပြီးစီးမှု များအား တင်ပြခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးရေးအဖွဲ့များ (CABs)များ အတွက် Registration နှင့် Designation ပြုလုပ်ခြင်း လုပ်ငန်းစဉ် များအပါအဝင်  အမျိုးသား အဆင့် အရည်အသွေး ထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ (National Certification Body) မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များသို့ ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များမှ မြန်မာစံချိန်စံညွှန်း နောက်ဆုံး အဆင့် မူကြမ်း (၆၃)ခုအား မြန်မာစံချိန်စံညွှန်းအဖြစ် အတည်ပြုသတ်မှတ်ခြင်းနှင့် ရွှေစံချိန်စံညွှန်းရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ အသစ် အတည်ပြုဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

                အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၃)