၁။ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အသစ်ခန့်အပ်ထားသော လက်ထောက်အရာရှိ/ ဦးစီးအရာရှိများ၏ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန်၊ အတွေးအမြင်ပွင့်လင်းမှု ဖြစ်ပေါ်လာ စေရန်၊ တွေးခေါ်စွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍ “အသစ်ခန့်အပ်ထားပြီးသော လက်ထောက် သုတေသနအရာရှိ/ဦးစီးအရာရှိများ၏ စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ၏ဆွေးနွေးပွဲ အစီအစဉ်” ကို (၁-၁၂-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီတွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ PA System Room ၌ ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင် (ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက် ထရောနစ်နည်းပညာသုတေသနဗဟိုဌာန) မှ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
၂။ အစီအစဉ်အရ အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ဦးစီးအရာရှိ (၁၀)ဦး မှ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် Power Point Presentation ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။
၃။ တင်ပြဆွေးနွေးမှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှူးများမှ လိုအပ်သည်များ အား လမ်းညွှန်မှုပြုခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုး (အမျိုးသားဓာတ်ခွဲခန်း) မှ နိဂုံးချုပ်စကား ပြောကြားပြီး နေ့လည် (၁၅း၀၅) နာရီတွင် ဆွေးနွေးပွဲအစီအစဉ် ပြီးဆုံးခဲ့ပါသည်။
၄။ အဆိုပါဆွေးနွေးပွဲအစီအစဉ်ကို ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာသုတေသန ဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဓာတုနည်းပညာ သုတေသနဗဟိုဌာန၊ ဘဏ္ဍာရေးဌာန(ရုံးချုပ်)၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန(ရုံးချုပ်)မှ ဌာနအကြီးအကဲများ၊ သက်ဆိုင်ရာ ဌာနအရာရှိများနှင့် အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ ဦးစီးအရာရှိ (၂၁)ဦး တက်ရောက်ခဲ့ကြ ပါသည်။
၅။ “အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသန အရာရှိ/ဦးစီးအရာရှိများ၏ စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ ဆွေးနွေးပွဲအစီအစဉ်”ကျင်းပခြင်းအားဖြင့် အသစ်ခန့်အပ်ထားသော လက်ထောက် အရာရှိ/ဦးစီးအရာရှိတဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မားပြီး အရည်အသွေးပြည့်သော အရာရှိများ ဖြစ်လာမည့် အကျိုးကျေးဇူးရရှိမည်ဖြစ်ပါသည်။
ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာသုတေသနဗဟိုဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မင်းနိုင်က အဖွင့်အမှာစကား ပြောကြားစဉ်
အမျိုးသားဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းထွန်းမိုးမှ နိဂုံးချုပ်စကား ပြောကြားစဉ်
အသစ်ခန့်အပ်ထားပြီးသော လက်ထောက်သုတေသနအရာရှိ/ဦးစီးအရာရှိ (၁၀)ဦးမှ
သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် Power Point Presentation ဆွေးနွေးတင်ပြစဉ်
အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း
စာတိုက်အမှတ် ၁၁၀၈၁
ရန်ကင်းမြို့နယ်
ရန်ကုန်