logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သင်တန်းဖွင့်လှစ်မှု

အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Beijing Institute of Radio Measurement (BIRM)နှင့်ပူးပေါင်း၍ ပြည်တွင်း/ပြည်ပသင်တန်းများ  ကျင်းပခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သင်တန်း (၅) ကြိမ် ကျင်းပခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဉီးစီးဌာနအောက်ရှိ ဝန်ထမ်းများ၊ သုတေသီများသာမက နည်းပညာတက္ကသိုလ်များမှ ဆရာ/ဆရာမများ နှင့် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှဝန်ထမ်းများပါ တက်ရောက်ခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ဗဟုသုတမျှဝေခြင်းပွဲများ ကျင်းပခြင်း

အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ဝန်ကြီးဌာများ၊ အာဆီယံနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဦးစီးကျင်းပသော အလုပ်ရုံဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ စသည်တို့တွင် ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ပါသည်။

 

တက္ကသိုလ်ကျောင်းသား/သူများ၏ Internship နှင့် Field Trip များ လက်ခံပေးခြင်း

            အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ၂၀၁၇ ခုနှစ်မှ ယနေ့အထိ နည်းပညာတက္ကသိုလ် (၁၀)ခုမှ ကျောင်းသား/သူပေါင်း (၇၂၀)ဦးကို Internship နှင့် Field Trip များအတွက် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ Internship ဦးရေစုစုပေါင်းမှာ (၁၈၉)ဦး ဖြစ်ပြီး Field Trip ဦးရေစုစုပေါင်းမှာ (၅၃၁)ဦးဖြစ်ပါသည်။

 

 

စက်မှုလုပ်ငန်းများ၏ နည်းပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း

            အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် Keysight Technologies ကုမ္ပဏီ၊Tekmark Pte. Ltd၊ Fanuc ကုမ္ပဏီ၊ LinkWise ကုမ္ပဏီ တို့နှင့် တွဲဖက်၍ နည်းပညာမျှဝေမှု နှီးနှောဖလှယ်ပွဲများ ကျင်းပခဲ့ပြီးဖြစ်ပါသည်။

ဆရာများအတွက် ပညာရပ်ဆိုင်ရာ မွမ်းမံမှုသင်တန်းများ ကျင်းပပေးခြင်း

            အီလက်ထရောနစ်နည်းပညာသုတေသနဌာနသည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၌ ကျင်းပသော သုတနည်းပညာဘာသာရပ် (၃)ခုအတွက် refresher course ပို့ချပေးခြင်း၊ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနှင့် ဇူလိုင်လတို့တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မအူပင်)တို့ရှိ အီလက်ထရောနစ်အင်ဂျင်နီယာဌာနအသီးသီး၌ ကျင်းပသော ရေဒါနှင့် မိုက်ခရိုအီလက်ထရောနစ် နည်းပညာသင်တန်းများကို ပို့ချပေးခဲ့ပါသည်။