logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန(ICTRC)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)တို့အကြား ICT အတတ်ပညာရှင်များမွေးထုတ်ရန် အရှိန်အဟုန်မြှင့် တင်ခြင်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum of Incorporation-MOI) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ ၂၉ရက်နေ့၊ နေ့လည် (၁၂)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်အရ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 ဆက်လက်၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန (ICTRC)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) တို့အကြား ICT အတတ်ပညာရှင်များ မွေးထုတ်ရန် အရှိန်အဟုန်မြှင့်တင်ခြင်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ(Memorandum of Incorporation-MOI)ကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်သိန်းနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)မှ ဒုတိယဥက္ကဌ ဦးငြိမ်းဦး တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထို့နောက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေ့လည် (၁)နာရီတွင် ပြီးဆုံးခဲ့ပါသည်။

                                            သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောကြားစဉ်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန (ICTRC)နှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) တို့ (Memorandum of Incorporation-MOI)ကို လက်မှတ်ရေးထိုးစဉ်

 

                                                            (Memorandum of Incorporation-MOI) လက်မှတ်ရေးထိုးပွဲအခမ်းအနား၏မှတ်တမ်းဓာတ်ပုံ