logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းခေတ်မှာ ဉာဏ်ရည်တု Artificial Intelligence (AI) နည်းပညာကို အသုံးချခြင်းဖြင့် စက်မှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍအသီးသီးတို့မှာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေးအရှိန်မြှင့်နိုင်ရန်နှင့် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် စက်မှုလုပ်ငန်းများအကြား AI ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်မည့် ပဏာမခြေလှမ်းကို တွန်းအားပေးနိုင်ရန်ရည်ရွယ်ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊     သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  နှင့်  မြန်မာနိုင်ငံဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ “Unlocking the Power of AI Technology: Empowering Universities and Enterprises for Accelerating Digital Myanmar” URI Collaboration Forum ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် UMFCCI ရန်ကုန်၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင်တို့က အမှာစကား ပြောကြား ခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊  သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UMFCCI ညီနောင် အသင်းများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များနှင့်ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါ သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းများ၏ ဖွံဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန် အတွက် ပညာရှင်များနှင့် စက်မှုလုပ်ငန်းများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊  တက္ကသိုလ်-သုတေသနဌာန-စက်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက် ခြင်းဖြင့် တီထွင်ဖန်တီးမှု၊ နည်းပညာကျွမ်းကျင်မှုများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည်အထိ ဖြန့်ကျက်နိုင်ပြီး ပြည်တွင်းထုတ်လုပ်မှုစွမ်းအားတွေနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို မြှင့်တင်ပေး နိုင်မည် ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်း သည် ကမ္ဘာပေါ်ရှိနိုင်ငံ တိုင်းအတွက် အရှိန်အဟုန်ဖြင့် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်တွင် Artificial Intelligence (AI) နည်းပညာသည် လျင်မြန်စွာတိုးတက်လျက်ရှိပြီး ဘဏ္ဍာရေး၊ ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ် ရေးစသည့် ကဏ္ဍအသီးသီးမှာ အခွင့်အလမ်းများဖြစ်ပေါ်စေပါကြောင်း၊ AI နည်းပညာ တိုးတက်လာခြင်းသည် စီးပွားရေးနယ်ပယ်များ၌ MSME လုပ်ငန်းများအတွက် စီးပွားရေး စီမံချက်၊ ဈေးကွက်ချဲ့ထွင်ခြင်းစသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများတွင် များစွာအကျိုးသက်ရောက် စေပါကြောင်း၊ AI နည်းပညာ၏ စိန်ခေါ်မှုများကိုဖြေရှင်းရန် သာမက AI စွမ်းအားကို အသုံးချရန် ဆန်းသစ်သောနည်းလမ်းများကို စုပေါင်းရှာဖွေနိုင်မည်ဖြစ်ပြီး ယနေ့ URI ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ် ၏ ရလဒ်ကောင်းများသည် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်သော ဒစ်ဂျစ်တယ်အနာဂတ်ကို ဖန်တီးနိုင်ဖို့လှေကားထစ်တစ်ခုအနေနဲ့ များစွာအထောက်အကူပြုနိုင်မည်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Speaker Session နှင့် Panel Discussion တို့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် တို့မှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ Frontier Myanmar၊ AMI Myanmar၊ M Boss FinTech၊ Level One Company စသည့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်များမှ Managing Director များ၊ CEO များမှ AI နည်းပညာ၊ အသိပညာပေးခြင်း၊ဆိုင်ဘာလုံခြုံမှုကဏ္ဍနှင့် စွန့်ဦးတီထွင်လုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ် တို့တွင် ဒီဂျစ်တယ်အသုံးပြုမြှင့်တင်ခြင်းတို့နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားခဲ့ကြ ပါသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင် မှ အမှာစကားပြောကြားခြင်း

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင် မှ အမှာစကားပြောကြားခြင်း

 

  University-Research -Industry (URI) ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား စုပေါင်း                                                           မှတ်တမ်းဓါတ်ပုံ

               URI Collaboration Forum ဖွင့်ပွဲအခမ်းအနား စုပေါင်းမှတ်တမ်းဓါတ်ပုံ

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်ဇေယျာလွင် နှင့် UMFCCI ညီနောင် အသင်းများမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည့် မှတ်တမ်းဓါတ်ပုံ

                   URI Collaboration Forum အခမ်းအနား မှတ်တမ်းဓါတ်ပုံ

       Panel Discussion တွင် Speakers များမှ ဆွေးနွေးခြင်း မှတ်တမ်းဓါတ်ပုံ