logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန က ကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် “မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှု ထုတ်ကုန်များဆိုင်ရာ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပပါသည်။

 အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor Madam Li Xiao Yan၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် နိုင်ငံတကာကြိမ်နှင့်ဝါးအဖွဲ့အစည်း   (International Bamboo and Rattan Organization INBAR)မှ ညွှန်ကြားရေးမှူးချုပ်   Mr. Ali Mchumo တို့က အဖွင့်အမှာ စကားပြောကြားကြပါသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် ဖွင့် လှစ်သည့် Training of Trainers on Bamboo Weaving Art သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသား  များ လက်တွေ့ဆောင်ရွက်နေခြင်းနှင့်  Bamboo Architecture Demonstration Unit တည်ဆောက် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပါသည်။

သင်တန်းဖွင့်ပွဲသို့ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. CHHOUK Bunna၊ လာအိုနိုင်ငံသံရုံးမှ Deputy Chief of Mission Mr. Bounnhang KEOSAVANG ၊ တရုတ်နိုင်ငံသံရုံး၊ ထိုင်းနိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်ပါမောက္ခများ၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးအသင်း၊ မြန်မာနိုင်ငံဝါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ် များ၊ “ဝါးလက်မှုနည်းပညာဆရာ ဖြစ်သင်တန်း”၊ “မဲခေါင်ဒေသရှိ ဝါး ဆန်းသစ်တီထွင်မှု ထုတ်ကုန်များ ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုသင်တန်း” တို့မှ သင်တန်းသားများ တက်ရောက်ကြပါသည်။

“ဝါးလက်မှုနည်းပညာဆရာဖြစ်သင်တန်း” ကို တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဇန်နဝါရီလ (၂၄) ရက်မှ(၂၈)ရက်နေ့ အထိ အွန်လိုင်း(Virtual Mode) ဖြင့် သင်ကြားပေးမည်ဖြစ်ပြီး နှီးဖြာခြင်း၊ ဆေးဆိုးခြင်း၊ လက်မှုပစ္စည်းများ အနုစိတ်ဆောင်ရွက်ခြင်း တို့ကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပါသည်။

“မဲခေါင်ဒေသရှိ ဝါးဆန်းသစ်တီထွင်မှုထုတ်ကုန်များ ဆိုင်ရာ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှု သင်တန်း”တွင် ဝါးစက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် စဉ်ဆက် မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင် ဆန်းသစ်သော တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ် သည့်နည်းပညာများကို သင်ကြားပို့ချ ကြမည် ဖြစ်ပါသည်။

        အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသနိုင်ငံများအတွက် ဝါးစက်မှု လုပ်ငန်း များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ သုတေသနလုပ်ငန်းများ၊ ဆန်းသစ် တီထွင်သော တန်ဖိုးမြှင့်ထုတ်လုပ်သည့် နည်းပညာများကို အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်များအား  ပံ့ပိုးကူညီပေး ခြင်း၊ တန်ဖိုးမြှင့်ဝါးထုတ်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်း လာနိုင်မည်ဖြစ်ပါသည်။ (သတင်းစဉ်)

 

 

 

 

==========