logo Department of Research and Innovation

logo

Department of Research and Innovation

Update News
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်- (က) နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်း များ ဆောင်ရွက်၍ နည်းပညာလွှဲပြောင်းခြင်းနှင့် ဖြန့်ဝေခြင်း၊ နည်းပညာအကြံပေး ခြင်းများဆောင်ရွက်ရန်၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ သုတေသနစင်တာများ၊ တက္ကသိုလ်များနှင့်စက်မှု လုပ်ငန်းများအကြားသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ (ဂ) နိုင်ငံတော်၏ ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးမှုဝါဒများကို ပံ့ပိုးပေးသော မြန်မာစံချိန် စံညွှန်းများချမှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှု စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ (ဃ) ခေတ်မီဓါတ်ခွဲစမ်းသပ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများကို ရည်ညွှန်းဓာတ်ခွဲခန်းအနေဖြင့် မှန်ကန်တိကျစွာ ဆောင်ရွက်ရန်၊ (င) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်တွေ့အသုံးချ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ပို့ချ ပေးရန်၊ (စ) နိုင်ငံတော်၏ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပနှင့် ‌ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်၊ (ဆ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သုတေသန လုပ်ငန်း များဖွံ့ဖြိုးတိုး တက်လာစေရန် ဆောင်ရွက်ရန်၊
MM

သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း ဌာနများ၏  လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ ရှင်းလင်း တင်ပြခြင်း အခမ်းအနားအစီအစဉ်ကို (၃-၄-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ နေ့လယ် (၁၆:၀၀)နာရီအထိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အစီအစဉ်အရသုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း က နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီး ဌာနအတွင်းရှိ ဌာနအသီးသီးမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများ၊ ချမှတ်ထားသောလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနတာဝန်ခံများမှ ဦးစီး ဆောင်ရွက်ခဲ့သည်ကို ဆွေးနွေးကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် ဝန်ကြီးဌာန အဆင့် လမ်းညွှန်ချက်များကိုလိုက်နာဆောင်ရန်ရှင်းလင်းပြောကြားခဲ့ပါကြောင်းအမျိုးသားအဆင့် ဆောင်ရွက်ခဲ့ သော လုပ်ငန်းများအဖြစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း  မြန်မာနိုင်ငံ လျှပ်စစ်သုံးယာဉ်များ၏ မူဝါဒ မူကြမ်းရေးဆွဲခဲ့နိုင်ကြောင်း၊ Gasifier SOP ရေးသား နိုင်ခဲ့ပါကြောင်း၊အမျိုးသားအဆင့် National Certification Body ထူထောင်နိုင်ရေး အတည်ပြုခဲ့ပါကြောင်း ၊Technology Transfer Guide lines မူကြမ်းများ   ရေးဆွဲဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံ   STI   လုပ်ငန်းများ     Roadmap   နှင့် မဟာဗျူဟာမူကြမ်းရေးဆွဲခြင်း   ဆောင်ရွက်ခဲ့နိုင်ပါကြောင်း၊ BIMSTECအဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအချက်အ လက်များကို ပေးပို့ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အတွက် တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက် ခြင်းကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍတို့တွင် ဦးဆောင်အဖွဲ့အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊အမျိုးသားဓာတ်ခွဲခန်းအနေဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာသို့လျာထားချက်နှင့်

ကျော်လွန်စွာ ၄၃၈ သန်း‌ ပေးသွင်းနိုင်ခဲ့ပါကြောင်း၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာသုတေသနဌာန  အနေဖြင့်လည်း  ပြည်တွင်း မြန်မာနိုင်ငံကွန်ပြူတာအသင်းချုပ်(MCF)ဖြင့် MOU ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခင်နှစ်များအတိုင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် လည်းပိုမိုအောင်မြင်မှုများရရှိစေရန် အားလုံးပူးပေါင်း လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဦးစီးဌာနအောက်ရှိ အမျိုးသားဓာတ်ခွဲခန်းမှဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုး၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်တင်သိန်း၊ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်၊ ဓာတုနည်း ပညာသုတေသန ဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်၊ အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်၊ ဦးစီးဌာနရုံးချုပ် ဘဏ္ဍာရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာချိုမင်းဟန်၊ ဦးစီးဌာနရုံးချုပ်       စီမံရေးရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးအောင်၊ ဦးစီးဌာနရုံးချုပ် နိုင်ငံတကာဆက်ဆံရေးနှင့််နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနှင့်မူဝါဒရေးရာနှင့် စီမံကိန်းရေးဆွဲရေးရာဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာချိုချိုလွင်  တို့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ power point presentation များဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် တို့မှ ဌာနအသီးသီး၏ တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်မျာကို လမ်းညွှန်မှုများပြုလုပ်ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာဖြူဖြူဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုနေ့လည်(၁၆:၀၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

 သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်း မှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း

အမျိုးသားဓာတ်ခွဲခန်း၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းထွန်းမိုးမှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

ပြန်ပြည့်မြဲစွမ်းအင်နှင့်အီလက်ထရောနစ်နည်းပညာ သုတေသနဗဟိုဌာနမ၊ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်တင်သိန်းမှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

ဓာတုနည်း ပညာသုတေသန ဗဟိုဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသဇင်ဟန်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

အမျိုးသား စံချိန်စံညွှန်းနှင့်အရည်အသွေး ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလွင်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

ဦးစီးဌာနရုံးချုပ် ဘဏ္ဍာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာချိုမင်းဟန်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ် 

ဦးစီးဌာနရုံးချုပ် ၊ စီမံရေးရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးအောင်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဌာနများ၏

လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်

နိုင်ငံတကာဆက်ဆံရေးနှင့်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနှင့်မူဝါဒရေးရာနှင့် စီမံကိန်းရေးဆွဲရေးရာဌာနမှညွှန်ကြားရေးမှူးဒေါက်တာချိုချိုလွင်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်းလင်းတင်ပြနေစဉ်